"အု.."

သူမျက်လုံးလေးပြူးကာ ကြည့်နေစဉ် ဖြတ်ခနဲပွင့်လာသော ကိုကို့မျက်၀န်းများ..

အိပ်ယာနိုးခါစပေမဲ့ စူးရှနက်မှောင်နေလိုက်တာများ.. သူ့ကိုယ်လေးကို ကိုကိုကပိုနီးကပ်သွားအောင် ဆွဲယူလိုက်ကာ နှုတ်ခမ်းကိုဖိနမ်းလိုက်ရင်း..

"ကလေးက... breakfast မစားချင်တော့ဘူးထင်တယ်"

သူ့နှုတ်ခမ်းများကို စိုက်ကြည့်နေသောကိုကို့မျက်၀န်းများကို သဘောကျစွာပြန်ကြည့်ကာ ကိုကို့နား, နားတိုးကပ်သွားပြီး လေသံတိုးတိုးဖြင့်..

"ဂျင်က ကိုကို့ကိုစားမှာ"

ထို့နောက် ဘယ်သူကဘယ်သူ့ကို စားလိုက်လဲတော့ မသိ‌တော့ချေ...

~~~~~~~~~~~××××××××××~~~~~~~~~~~

Switzerland မှ ပြန်လာပြီးနောက် ထယ်ယောင်းနှင့်ဆော့ဂျင်တို့ လက်ထပ်လိုက်ကြသည်...

လူအနည်းအကျဥ်းသာဖိတ်သော သူတို့၏ လက်ထပ်ပွဲကို ‌ ဂျောင်ကုမှလွဲ၍ အဖွဲ့သားများ အားလုံးလာတက်ကြသည်... ဂျောင်ကုကတော့ စစ်မှုထမ်းသွားနေ၍ ခွင့်ရက်မရဟုအကြောင်းပြကာ မလာချေ... 

ပေါ့ပေါ့ပါးပါးသာ ကျင်းပသော မင်္ဂလာပွဲမို့ ဘုန်းတော်ကြီးများလဲ မပါပေ.... သူတို့အတွက်တော့ ဘယ်သူ့ရှေ့မှောက်မှာမှ သစ္စာဆိုစရာမလိုလောက်အောင် တွဲလက်တွေက မြဲမြံခဲ့ပြီပဲ...

အသိသက်သေလဲမလိုပေ... သူတို့ရဲ့အချစ်တွေကို မိုးနဲ့မြေက သက်သေထူပေးလိမ့်မည်...

ခုချိန် ကိုကိုတော့ မသိ.. ဆော့ဂျင်တော့ ရီရမလို ငိုရမလို ကတုန်ကရင်နဲ့..

သူငယ်ငယ်ကတည်းက ချစ်လာခဲ့ရတဲ့ကိုကို့ကို တရား၀င်ပိုင်ဆိုင်ခွင့်ရပြီဆိုတာ မယုံနိုင်ချင်စရာ.. ခံစားချက်တွေက ရောပြွန်းနေတော့ လူကဘာမှတောင် ကောင်းကောင်းမမြင်ချင်...

ထိုစဥ် သူ့မြင်ကွင်းထဲ ၀ိုးတိုး၀ါးတားမှတဆင့် တဖြည်းဖြည်း ကြည်လင်ပြတ်သားစွာ ၀င်လာတာက ရိုးရိုးရှင်းရှင်း ပန်းတချို့ကိုကိုင်ထားတဲ့ ကိုကို..

သူ့ရဲ့ သတို့သား.. တနည်းအားဖြင့်ဆိုသော် သူ့ရဲ့ ကမ္ဘာကြီး...

The Curse [taejin] ✅Where stories live. Discover now