EPISODE 10

5.8K 482 31
                                    

Unicode

ဒီနေ့မှာတော့ ကြင်ယာတော်လေးအနေနဲ့  အဆင့်နှစ် စိတ်စွမ်းအား အစီအရင် ငါးခုရဲ့ လေးခုမြောက်အစီအရင်ဖြစ်တဲ့ ရေစွမ်းအင်ထိုးဖောက်ခြင်းကို လုပ်ဆောင်ရမှာဖြစ်သည်။ ရေစွမ်းမားထိုးဖောက်ခြင်းအဆင့်ဟာ ကျန်အဆင့်များထက်လွယ်ကူပြီး အသုံးပြုရလည်း လွယ်ဟူသည်ဟု လူတကာကပြောကြပေမယ့် သူတို့ကတော့ အခက်တွေ့နေသည်ပင်။

နေနတ်ဘုရား သူရိယဒေဝါက နတ်ဘုရားအဆင့်ဖြစ်ပေမယ့် သူ့ရဲ့ အထူးပြုစွမ်းအားက မီးစွမ်းအင်ဖြစ်နေတုန်းပင်။ မီးစွမ်းအားပိုင်ရှင် နတ်ဘုရားတစ်ပါး...နောက်ပြီး သူ့ကို အမြင်မကြည်မလင်ဖြစ်နေတဲ့ သူ တစ်ယောက်ရဲ့ ပိုင်နက်ထဲမှာ ရေစွမ်းအား ကျင့်ကြံတာက စော်ကားသလိုဖြစ်မှာလည်းကြောက်ရပြန်သည်။ဒါကြောင့် သူတို့ တိုင်ပင်လိုက်ကြတာက နေနတ်ဘုရား ညီလာခံ ကြွသည့် အချိန်တွင် ရေစွမ်းအင်ထိုးဖောက်ခြင်းကို အမြန်လုပ်ဆောင်ဖို့ဖြစ်သည်။နေရာကိုရွေးလိုက်တာက သူတို့ ဟီရာအဆောင်တော်ရဲ့ ဥယျာဉ်အတွင်းရှိ ရေကန်ကြီးရှေ့ပင်။

"နန်းနွယ်တော့ အမြန်လုပ်ဆောင်ရတဲ့ကျင့်စဉ်
ကြောင့်အရှင့်ကိုထိခိုက်စေမှာစိုးရိမ်မိပါတယ်ဘုရား"

နန်းနွယ်ကစိုးရိမ်မိတာမို့ မသိုသိပ်ပဲတင်လျှောက်လိုက်သည်။တစ်ခုခုဆိုရင် နတ်ဘုရားဆိုတဲ့ တစ်ယောက်ကလည်း ကြင်ယာတော်လေးအပေါ်မှာ ညှာတာမှု ရှိတာမဟုတ်သလို အချွတ်အချော်ဖြစ်ခဲ့ရင်လည်း အရင်ဆုံးထိခိုက်မှာက သူတို့ သခင်လေးသာဖြစ်သည်လေ။

"ငါအဆင်ပြေပါတယ်၊ တောင်အောက်ဘက်ကနေသာ သေချာစောင့် ကြည့်ပေး*

ကြင်ယာတော်လေးက အေးဆေးတည်ငြိမ်စွာပြောလိုက်ပြီး အေးဆေးတည်ငြိမ်နေတဲ့ ကန်ရေပြင်ကြီးကို ‌ခပ်ဆွေးဆွေးလေး ကြည့်နေမိသည်။သူဖေဖေ့ကိုလွမ်းနေပြန်ပါပြီ။

ကြင်ယာတော်လေးကအဆင်သင့်ဖြစ်တာနဲ့ ဟီရာအဆောင်တော်က အလုပ်အကျွေးပြုတဲ့သူတွေအားလုံးကို ခဏတာအေးခဲစေကာ  နှုတ်ပိတ်ပစ်လိုက်သည်။ထို့နောက် နန်းနွယ်က နေနတ်ဘုရားရဲ့အခြေနေကိုစောင့်ကြည့်ဖို့ ထွက်သွားပြီး နန်းမြကတော့ အရှင်ကြင်ယာတော်လေးရဲ့အစီအရင်ကျင့်ကြံစဉ်ကာလ လုံခြုံရေးကိုအားစိုက်ဖို့လုပ်လိုက်သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now