EPISODE 11

5.3K 515 12
                                    

Unicode

ကြင်ယာတော်တစ်ယောက် အဆောင်ရှေ့မှာဝုန်းဒိုင်းကြဲသွားပြီးမှ ဘာမှမပြောဘဲ တောင်ပေါ်ကို နောက်အကြိမ်များမှာ သူ့ခွင့်ပြုချက်မရဘဲ လျှောက်မသွားဖို့ပြောလာကာ သူပါအတူလိုက်ပို့ပေးပါမယ်ဆိုပြီးပြောလာတဲ့ နေနတ်ဘုရားကြောင့် လှစ်ခနဲပြုံးမိသွားသည်။ ကြည့်ရတာ ဒီနတ်ဘုရားဟာ သူ့ဆီက တစ်ခုခုကိုတော့ နှမျောနေပုံရသည်။ဘာလဲဆိုတာတော့ သူမသိ။ ဖြစ်နိုင်တာက သူသာ ဗိမ္မာန်တော်ကထွက်ခွာပြီး တခြားနတ်ဘုရားတွေရဲ့ အိမ်တော်ကို၀င်နိုင်ခဲ့ရင် သူ့ရဲ့ နေနတ်ဘုရားဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးရိမ်တာဖြစ်နိုင်သည်။

အလကား အမှိုက်လို နတ်ဘုရား ...

ကြင်ယာတော် သလွန်ပေါ်စံမြန်းနေရာမှထကာ အနောက်ဘက်က ဥယျာဉ်တော်ဆီသွားလိုက်သည်။ နန်းဆောင်တော်အရှေ့မှာတော့ မကြာသေးခင်ကဖြစ်ပျက်သွားတဲ့ အပျက်အစီးများနဲ့ ဖိအားများဆိုတာ နတ္ထိ။ ပကတိကြည်လင်ကာ ပျော်ရွှင်နေကြသည့် အစေအပါးများသာ တာ၀န်ကိုယ်စီနဲ့ ထမ်းရွက်နေကြပြီး ပြသနာဖြစ်ခဲ့တာ ဤနေရာမဟုတ်ခဲ့သည့်အတိုင်း။ ခွန်အားကြီးမားပြီး ဂုဏ်သိက္ခာကိုတန်ဖိုးထားတတ်တဲ့ နေနတ်ဘုရားက သူ့အပေါ်မှာ ဤကဲ့သို့ပြုမူခဲ့တဲ့ လုပ်ရပ်ကို ရှက်ရွံ့တာလားတော့မသိပေမယ့် အစအနပင်ရှာမရအောင် ရှင်းပစ်တာကိုကြည့်။

ကြင်ယာတော်လေးရဲ့‌ေရွှခြေကျင်းလေးမှ ချူသံထွက်ပေါ်လာတာနဲ့ အစေအပါးများဟာ ကြင်ယာတော်လေးကို ဂါရ၀ပြုလိုက်ကြသည်။ ကြင်ယာတော်လေးဟာ လက်ကာ ပြလိုက်ပြီး သက်သောင့်သက်သာနေစေကာ မိမိဘာသာ ဥယျာဉ်တော်ဘက်သွားဖို့ ပြင်လိုက်သော်လည်းအစေအပါး အားလုံးရဲ့ အကြည့်တွေက သူ့ရဲ့ခြေကျင်းဆီမှာသာရှိနေတာမို့ သက်ပြင်းတစ်ချက်ချကာ

"ငါ့ရဲ့ခြေကျင်းနဲ့ပက်သက်ပြီး တစ်ခုခုပြောစရာရှိလို့လား "

မေးသူသခင်ကခပ်ပြတ်ပြတ်မေးတော့ အစေအပါးများဖြစ်တာမို့  ခေါင်းကိုသာငုံ့ရင်း အဖြေမပေးရဲကြ။

"ကဲ ပြောစမ်းပါဦး တစ်ယောက်လောက်၊ သင်တို့ပြောမှ ဒီကသိတော့မပေါ့ "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now