Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။

Start from the beginning
                                    

"ငါရိုက်ရမည့် ဇာတ်လမ်းကြောရိုးကို စိတ်ထဲ စွဲနေအောင် မှတ်ထားပြီးပြီ။ ရိုက်ကွင်းမှာ အမှားလုပ်မိမှာမဟုတ်ဘူး "

ထျန်းဖုန်းက ဇာတ်ညွှန်းကို မြှောက်ပြကာ ရှောင်ယု ကို အပြုံးလေးနှင့် ဖြေလိုက်သည်။ ရိုက်ကူးရေးအတွက် မိတ်ကပ်အပြည့်စုံ လိမ်းခြယ်ပြီးသည်နှင့် ထျုန်းဖုန်းရဲ့ အသွင်ပြင်က ခေတ်မီတဲ့ အသုံးအဆောင်တွေနဲ့ လိုက်ဖက်မှု မရှိသည့် ရှေးခေတ်က ကျက်သရေရှိသည့် သခင်လေးတစ်ယောက် အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ ထိုသခင်လေးက ဆီဆေးပန်းချီကားထဲမှ ရုတ်တရက် ခုန်ထွက်လာသည့်အလား ထင်မှားရသည်။ ကံဆိုးတာက သူ့ဘေးမှာ ကော်ဖီဖျော် စက်တွေနဲ့ လက်တော့ပ်တွေ ရှိနေသလို ခေတ်မီတဲ့ အဆောက်အဦးတချို့ရှိနေခြင်းပင်။

ရှောင်ယု သည် Tang Feng ကိုကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

"ဟေ့ မင်းဘာရယ်တာလဲ"

"ဘာမှ မဟုတ်ပါဘူး၊ ရှင်က တကယ့်ကို တေးသီဌက်လေးလို နှစ်လိုဖွယ်ကောင်းပြီး နတ်သားလေးလို အပြစ်ကင်းစင်တဲ့ ပုံက ရှင့် အသွေးထဲ အသားထဲကနေတောင် ထွက်ပေါ်နေသလားလို့ပါ။ ရှင့်လို စူပါစတားက ခုလို ဇာတ်ကောင်ပုံရိပ်ကို ဘယ်လိုများ သရုပ်ဆောင်လိုက်နိုင်တာလဲ ဆိုတာ ကျွန်မ မျက်စိနဲ့ မြင်ရတာတောင် တကယ့်ကို ယုံကြည်ဖို့ ခက်လွန်းလှတယ် "

မိတ်ကပ်ပြင်သည့် အခန်းထဲ ဝင်လာသည့် ရှောင်ယုကTang Feng ကို ခြေဆုံးခေါင်းဆုံး အပြန်ပြန် အလှန်လှန်ကြည့်ကာ ချက်ချင်း ချီးကျူးတော့သည်။

" ရှေးခေတ်တုန်းကဆိုရင် ဒီပုံစံက မျက်နှာပြာကြီးဖြစ်နိုင်တယ်။"

ဇာတ်ညွှန်းကိုကိုင်ပြီး ရှောင်ယု ရဲ့ခေါင်းကိုရိုက်လိုက်ပြီး Tang Feng က ဒေါသဟန်ဆောင်ကာ ပြောလိုက်သည်။

"မင်းပဲ ကံဆိုးတာ၊ မင်းမျိုးရိုးစဉ်ဆက်ကပဲ ကံဆိုးတာ"

"ဝိုး၊ ကျွန်မတို့ရဲ့ ရှေးခေတ် လူသားကြီး Tang Feng က လက်ရှိခေတ်ရေစီးကြောင်းနဲ့ လိုက်မှီပြီး အွန်လိုင်းပေါ်က အသုံးနှုန်းကိုလည်း သိတာပဲလား "

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now