"ဒီနားမှာ ငါ ဘီယာသွားဝယ်လိုက်ဦးမယ် ပြီးရင် hotel သွားနားတော့မယ်"
"အွန်း ခရီးကရှည်တာဆိုတော့ နားလိုက်တော့"
"အတော်ကောင်းတဲ့ ညီမ အကိုဖြစ်သူကိုတောင် သူ့အိမ်မှာ တည်းခွင့်မပေး"
"အဟဲဟဲ"(တစ်ဂယ်တော့ နင့်လက်ထဲပါသွားမှာဆိုးလို့ပါ William ရေ)
"သွားပြီ!"
"အေး၂"
( William တစ်ယောက် အရက်ဆိုင်သွားပြီး အရက်ဝယ်ပြီးအထွက် လမ်းပေါ်မှာသောက်တာများပြီး အရှိုန်လွန်နေတဲ့ သူရိန်နဲ့တည့်တို့ပါတော့တယ်)
"ခများအဆင်ပြေရဲ့လား"
"ဟင် မင်းကဘယ်သူတုန်း 🥴" (မူးသောလေသံဖြင့်)
"ငါက William ပါ ဒါနဲ့မင်းအဆင်ပြေတာရောသေချာ မင်းခြေထောက်တောင် မင်းမနဲထောက်နေရတာနော်"
"ငါလား အဟက် အဆင်ပြေနေတဲ့ရုပ်ပေါက်နေလို့လား"
"နိုး "
"အေး အဲ့တာဆို ဖယ် အာရုံလာမစားနဲ-နဲ့...🥴💫"
(သူရိန်တစ်ယောက် သောက်တာများနေတာကြောင့် မှောက်သွားပါတော့တယ်)
"ဟာ ဘယ်လိုလုပ်ရပါ့ သူ့အိမ်လဲငါမသိ၊ hotel ကိုပဲခေါ်သွားလိုက်ရမလား"
"ထားမသွားပါနဲ့ နွေဦး.."
(အိပ်ပျော်လျက် ယောင်တောင်တောင် ငိုပြီးပြောနေသော သူရိန်ကိုကြည့်ကာ William ရီ မိသည်)
"သူလဲငါ့လိုပါပဲလား ဆိုးမဲ့ပုံတော့မပေါ်ပါဘူး၊ သူ့ကို hotel ပဲခေါ်သွားတော့မယ်"
*At home*
"ချစ်ရေ ကိုယ်ပြန်လာပြီ"
(နွေဦး စိတ်မကြည်ပေ)
"Hm... မွှေးနေတာပဲ ဘာဟင်းတွေချက်"
"ဘာချက်ချက်ပေါ့၊ ဟိုမှာသွားစောင့်နေ"
"ဟုတ်ပါပြီ"
"ရပြီ "
"Wow....ချစ်ချက်ထားတာလေးက ကောင်းလိုက်တာ ဒါမျိုး တစ်သက်လုံးထိုင်စားနေရင်တောင် ကျေနပ်တယ်"
"မြှောက်မနေနဲ့ စား"
"မြှောက်နေတာမဟုတ်ပါဘူး"
YOU ARE READING
အနမ်းတစ်ပွင့်🌹
Romanceလောကကြီးကရှုပ်ထွေးတယ် ဘယ်အရာမှတရားမျှတမှုဆိုတာမရှိဘူး ဒါပေမဲ့ မင်းနဲ့အတူဖြတ်သန်းနိုင်ရမယ်ထင်ထားတာ မင်းငါ့ကို လှည့်စားခဲ့တယ်
Part 7
Start from the beginning