EPISODE 12

5.2K 488 24
                                    

Unicode

"သူကအဲ့သလိုပဲပြောလိုက်တာလား ..."

"အင်း "

ခေါင်းကိုအကြိမ်ကြိမ်ငြိမ့်ပြလာတဲ့သျှင်စံကိုကြည့်ပြီး အဓိပတိတစ်ယောက် မချင့်မရဲနဲ့ ကျစ်ခနဲစုပ်သပ်လိုက်သည်။သူ့အနေနဲ့ ဒီလောကအရှုပ်တော်ပုံမှာမပါ၀င်ချင်တာကြောင့် ငြိမ်နေတာကို အလှလေးကသူ့ကို နတ်ဘုရား အဆင့်မဟုတ်လို့ မရွေးချယ်ရဲဘူးတဲ့လား...

"အကိုတော်.... မင်း သူ့ကိုအပြစ်တင်လို့မရဘူးနော်၊ ငါဆိုလည်း ကောင်းကင်ဘုံရဲ့ထိပ်သီးနတ်ဘုရားကိုပစ်ပယ်ပြီး မင်းလိုဆယ်ကျော်သက်တစ်‌ယောက် ကိုမရွေးချယ်ဘူး၊ ပြီးတော့ သူကအားနည်းတဲ့လူသား..... မဟုတ်ဘူးအားမနည်းဘူး"

"ဟမ်..."

"သူရော သူ့နားကအစေအပါးရဲ့ စိတ်စွမ်းအားကတော်ရုံမဟုတ်ဘူး...ငါ့ရဲ့ အသွင်ပြောင်းနိုင်စွမ်းကို ချက်ချင်းအာရုံခံနိုင်တယ်...သူတို့ကသိပ်ကိုတော်တယ် "

အဓိပတိတစ်ယောက်ဓားရှည်လေးကို ဖျစ်လိုက်ပြီး အနားကသစ်ပင်ကြီး၏ပင်စည်ကိုမှီကာ မျက်လုံးကိုမှိတ်ချလိုက်သည်။ သူဘာလုပ်သင့်လဲ...သူမေ့ထားတဲ့ ဒီအရှုပ်ထုပ်ကြီးမှာပါ၀င်သင့်လား...နောက်ပြီး ဒီအလှလေးအတွက်နဲ့ ဒီပြသနာတွေကိုဖြေရှင်းဖို့ ထိုက်တန်ရဲ့လား...

"မင်းနောင်တမရမှာသေချာရင် ငါ့ကိုပြော၊ ငါအကုန်စီစဉ်ပေးမယ်၊ မယ်မယ်ဘုရားကိုတော့ တစ်ချက်သတိထားရမယ် ၊မယ်မယ်ဘုရားက အရှုပ်တွေကိုသိပ် မကြိုက်လို့ "

အဓိပတိတစ်ယောက် ခေါင်းကိုသာ အကြိမ်ကြိမ်ပွတ်ရင်း ဦးနှောက်ကိုအလုပ်ပေးလိုက်သည်။ အလှလေးလား အေးချမ်းတဲ့ဘ၀လား။ အလှလေးကို ပိုင်ဆိုင်ရရင်သူ့ဘ၀ကသာယာနေမှာသေချာတယ်။ ဒါပေမယ့် ကောင်းကင်ဘုံရဲ့ အရှုပ်ထုတ်တွေကို နေ့တိုင်းရှင်းလင်းရမယ့်အလုပ်ကိုထာ၀ရလုပ်ဆောင်သွားဖို့ကရော ထိုက်တန်ပါရဲ့လား။

ကော့စင်းနေတဲ့ မျက်တောင်ရှည်ကြီးတွေ၊ ဖောင်းနေတဲ့ ပါးမို့ကလေးနဲ့အတူ နီရဲနေတဲ့ နှုတ်ခမ်းလေး၊ နူးညံ့ပျော့ပျောင်းပြီးသွယ်လျနေတဲ့ဖက်ထုပ်လိုခန္ဓာကိုယ်လေး၊ သင်းသင်းလေးနဲ့ မွှေးနေတဲ့ ကိုယ်သင်းနံ့....ကျစ် ! ပစ်ပယ်ဖို့ ခက်ခဲလိုက်တာ။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now