အချိန်ဆွဲနေလျှင် ယွန်းဂျယ်ဟျော့ ပုန်းနေတာကို မိသွားနိုင်တာကြောင့် ဂျယ်ဟျော့ ခွေခွေလေး ပုန်းနေသည့်ရှေ့၌ သူ့ကိုယ်ကို မသိမသာ တိုးလိုက်ရင်း ဘေးက ဂျွန်ဂယူ့ကိုပါ ခါးကနေ လက်တစ်ဖက်တည်းဖြင့် ဆွဲဖက်လိုက်တော့ မျက်လုံးကလယ်ကလယ်ဖြင့် ဂျွန်ဂယူ့မျက်နှာလေးက သူ့မျက်နှာနားသို့ ကပ်လာသည်။
ဂျွန်ဂယူရော သူကိုယ်တိုင်ပါ ကြောင်အ,မိသွား၏။ သည်အခြေအနေက ဘာကြီးလဲ။ ဘယ်လို ဖြစ်သွားတာလဲဆိုတာ နားလည်ဖို့ထက် နှစ်ယောက်သား အနေရခက်မှုအား ဖြေဖျောက်ချင်တာကြောင့် ဂျွန်ဂယူ့နားအနားသို့ ကပ်ကာ ၊
" အဲ့တာ ယွန်းဂျယ်ဟျော့ပြောတဲ့ သူ့ကို အမြင်မကြည်လို့ လိုက်ဒုက္ခပေးနေတယ်ဆိုတဲ့ တစ်ယောက်ကွ။ အဲ့လိုကြီး သွားမကြည့်နဲ့လေ။ "
" သြော် ... အင်း ၊ အင်း "
ဂျွန်ဂယူ့အသံက အင်တင်တင်။ ထိုမျှပြောပြီး သူ့ဘေးကနေ ခွာသွားသည်။ ဂျွန်ဂယူ့ခါးပေါ်က သူ့လက်ချောင်းတွေကလည်း အလိုလို ပြေလျော့သွားကုန်သည်။ ဘာလို့မှန်းမသိ။ စိတ်ထဲဲ နှမြောနေမိသလို။
" အဟမ်း ! "
သူတို့အနားကို ရောက်လာသည့် ကောင်လေးက ချောင်းတစ်ချက် ဟန့်ပြီး သူတို့နှစ်ယောက်ကို တစ်ယောက်တစ်လှည့်စီ ကြည့်သည်။ စက္ကန့်ပိုင်းတောင် မကြာလိုက်။ သူ တွေးထားသည့် မေးခွန်းအား မေးတော့သည်။
" ယွန်းဂျယ်ဟျော့ရော ? "
ဂျီဟွန်းက ခပ်တည်တည်ဖြင့် ခေါင်းခါပြသည်။ မယုံမှာစိုးလို့ ပါးစပ်ကနေတောင် ထပ်ပြောသည်။
" မသိဘူး။ ငါတို့နဲ့ မတွေ့ဖြစ်တာ ကြာပြီ။ "
ထိုကောင်လေးက သူ့စကားကို မယုံသင်္ကာဖြင့် ဂျွန်ဂယူ့ဘက်ကိုပါ လှည့်ကြည့်လာတာမို့ ဂျွန်ဂယူကပါ ဝင်ပြီး ဖောရှောတော့သည်။
" ဘာလာကြည့်တာလဲ ? ဂျယ်ဟျော့ကို ဘာကိစ္စ လာရှာတာလဲ ? သူက ဘယ်သူလဲ ဂျီဟွန်း ? "
နှုတ်ခမ်းတစူစူဖြင့် ဗြောင်လိမ်နေသည့် ဘေးက တစ်ယောက်ကြောင့် ဂျီဟွန်း လူမမြင်အောင် ကြိတ်ရယ်မိသည်။ ပတ်ခ်ဂျောင်ဝူးဆိုသည့် အနှီကောင်လေးအကြောင်းကို ယွန်းဂျယ်ဟျော့ ဖောက်သည်ချထားတာ သူတို့ မကြားချင်မှအဆုံး။ ကောင်းတဲ့ အကြောင်းတွေတော့ မဟုတ်။ ဂျွန်ဂယူက တစ်ခါ မြင်ဖူးပေမဲ့ သိတဲ့အတိုင်း ဦးနှောက်မကောင်းတော့ မမှတ်မိ။ ဂျီဟွန်းကတော့ အခုနောက်ပိုင်း ဂျယ်ဟျော့အိမ်ကို သွားတိုင်း ခဏခဏ မြင်နေရသည်။
YOU ARE READING
heart flutter (ba-ra-bi-bomb)
Fanfiction• park jeongwoo + yoon jaehyuk = jeongjae Written In Burmese. ●Pics from Pinterest.
- three
Start from the beginning