အခန်း(၁၁၃၆)

Start from the beginning
                                    

Ning Jing မှာ မီးကမ်းပါးပေါ်မှ ပြုတ်ကျခဲ့သည်။

Han  Yunxi မှာ သူမ၏ ကျွမ်းကျင်မှုနယ်ပယ် မဟုတ်သောကြောင့် ၎င်းကို တစ်ကြိမ်တွေ့ပြီးနောက် အသေးစိတ်အချက်များအားလုံးကို မှတ်မိရန် မဖြစ်နိုင်ပေ။ ဤမြေပုံမှာ သူတို့ကို ခလုတ်များ သို့မဟုတ် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းများမဟုတ်ပဲ ထောင်ချောက်များရှိသည့်နေရာကိုသာ ပြသထားသည်။ အကယ်၍ သူတို့က ၎င်းတို့ကို မထိန်းချုပ်နိုင်လျှင် ထောင်ချောက်များ၏ တည်နေရာကို မှတ်သားကာ အစောင့်အကြပ်တွေ တိုးမြင့်ထားနိုင်သည်။ 

သို့သော် တစ်ချက်ကြည့်လိုက်လျှင် အရာအားလုံးကို မှတ်မိနိုင်သော Long Feiye မှာ ဝင်္ကပါ၏ အပြင်အဆင်ကို မှတ်မိနေစေရန် အချိန်အတော်ကြာအောင် လုပ်ဆောင်ခဲ့သည်။ သူ၏ခေါင်းထဲတွင် ဝင်္ကပါတစ်ခုလုံးကို ယခုပင် ပုံဖော်မြင်နိုင်သောကြောင့် သူက အထူးသာလွန်ကောင်းမွန်သော ထိန်းသိမ်းနိုင်စွမ်းကို သေချာပေါက် ပိုင်ဆိုင်ထားသည်။ သို့သော် သူက ကျန်သည့်ပုံစံကို စိုက်ကြည့်နေသည်။ ၎င်းကို မှတ်မိရန် ကြိုးစားနေသောကြောင့်မဟုတ်ပဲ လက္ခဏာတစ်ခုကို စောင့်ဆိုင်းနေခြင်းပင်။

Bai Yanqing မှာ ​​ဤမျှကြီးမားသော ဝင်္ကပါကြီးတွင်း၌ လမ်းကြောင်းတိုင်းကို ဖြတ်ကျော်ပြီး ထောင်ချောက်တစ်ခုစီကို စမ်းသပ်ရန် မဖြစ်နိုင်ပေ။ သူက ဤမြေပုံကို ယခင်က မြင်ဖူးပြီးသားဖြစ်လိမ့်မည်။ အကယ်၍ သူက ခလုတ်များနှင့် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းများကို ကောင်းစွာသိထားလျှင် ဤအသေးစိတ်ပုံစံက ၎င်းတို့တည်နေရာကိုလည်း သူတို့ထံ ပြသလိမ့်မည်။ Long Feiye မှာ ဤဖြစ်နိုင်ခြေကို စဥ်းစားနေစဉ်တွင်၊ ဝင်္ကပါတည်ဆောက်ပုံတစ်ခုလုံးမှာ စတင်ရွေ့လျားလာပြီး ခလုတ်များ၊ ထောင်ချောက်များနှင့် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းများ ပြသလာသည်။

“ဘုရားရေ..…” Han  Yunxi မှာ မထိန်းထားနိုင်ပဲ ရေရွတ်လိုက်သည်။ သူမက ခလုတ်များကို ရှာဖွေရန်အတွက် စိုးရိမ် နေသော်လည်း အသက်ဝင်နေသည့် အသေးစိတ်ပုံစံမှာ စတင်ရွှေ့လျားလာရန် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ဝှက်ထားသော မောင်းတံများနှင့် ခလုတ်များအားလုံးမှာ ထပ်ခါတလဲလဲ လုပ်ငန်းစဉ်ဖြင့် ပြသလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။ ဥမင်လိုဏ်ခေါင်းများနှင့်လည်း အလားတူပင်။ ဝင်္ကပါရှိ လမ်းကြောင်းခွဲတစ်ခုစီတွင် ထွက်ပေါက်များကို ပိတ်ထားရန် ရည်ရွယ်ထားသော ဆက်စပ်ခလုတ်တစ်ခုစီ ရှိသည်ကိုပင် သူမ မြင်လိုက်ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now