"မင်းသူ့ကို တကယ်သဘောကျနေတာလား"

"အရင်တွဲတဲ့လူတွေနဲ့မတူတာတော့အမှန်ပဲ
အင်း..ငါသဘောကျနေမိတယ်ဆိုပါတော့
သူဖြစ်ချင်တာ အကုန်မဟုတ်တောင် အတတ်နိုင်ဆုံးတော့ လိုက်ညှိပေးချင်တယ်"

"ဂျောင်ဆော့...မင်းရဲ့အစစ်အမှန်ကို သူလက်ခံနိုင်မှ မင်းတို့အမြဲအဆင်ပြေမှာ
မင်းစိတ်မပါတဲ့ကိစ္စတွေကို မင်းတစ်သက်လုံးဟန်ဆောင်လုပ်သွားလို့အဆင်ပြေပါ့မလား စဉ်းစားလေ"

"အဲ့ဒါက နောက်မှပါ Hyung ရာ
ကျွန်တော့်ကို မနက်ဖြန်အတွက် ဟင်းပွဲလေးတွေ ကူညီပါဦး"

"သူကဘာကြိုက်တတ်တာလဲ"

"မပြောတတ်ဘူးလေ
ကောင်းမယ်ထင်တာချက်ပေါ့"

"မင်းနဲ့တော့ ခက်တာပဲ"

"မနက်ကျ တစ်ခုခုသာပြင်ပေးထားဗျာ
Hyung လိုအပ်တဲ့အခါ ကျွန်တော်ပြန်ကူညီမယ်
အခုတော့ အရမ်းအိပ်ငိုက်နေလို့ အိပ်တော့မယ်
ဪ အခန်းထဲက ပလပ်က ခလုတ် လောင်သွားလို့ ကျွန်တော် ဒီမှာဖုန်းအားသွင်းခဲ့မယ်နော်
Hyung အိပ်ခါနီးဖြုတ်ပေးထား"

သူ့ဘာသာ ပြောချင်တာတွေ ပြောပြီး အိပ်ခန်းထဲဝင်သွားတဲ့ ဂျောင်ဆော့ကို ကြည့်ပြီး ဂျောင်ဆူးက ခေါင်းလေးယမ်းရင်း ကျန်ခဲ့ရသည်။ တကယ့်ကောင်ပဲ။ သဘောကျတယ်လည်းပြောပြီး ပေါ့ပေါ့တန်တန်လုပ်နေသေးတယ်။

ဂျောင်ဆူး ရေခဲသေတ္တာကိုဖွင့်ကာ ဟင်းချက်စရာတွေကြည့်နေတုန်း ဂျောင်ဆော့ရဲ့ဖုန်းက မြည်လာသည်။ အိပ်မယ်ဆိုပြီး ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်တတ်တဲ့ ဂျောင်ဆော့အကျင့်ကို သိနေသောကြောင့် ဖုန်းကို ပိတ်ရန်အိမ်ရှေ့ထွက်လာခဲ့ပေမဲ့ ဖုန်းမျက်နှာပြင်ပေါ်က *ပတ်ချန်းယောလ်* ဆိုသည့် နာမည်က သူ့ကို တောင့်တင်းသွားစေသည်။ ဖုန်းချလိုက်ဖို့လုပ်သော်လည်းရေခဲဗူးကိုကိုင်ထားမိပြီး ချော်နေသောလက်က ဖုန်းကိုင်ပြီးသားဖြစ်သွားသည်။

"ဟယ်လို..."

တစ်ဖက်က ထွက်လာတဲ့ ခပ်ဩဩအသံကြောင့် ဂျောင်ဆူး အသက်အောင့်လိုက်မိလားပင် မသိ။ ဂျောင်ဆော့အိပ်နေပြီဖြစ်ကြောင်း ပြောပြခါနီးမှာပဲ တစ်ဖက်က စကားဆက်လာပြန်သည်။

A Beautiful MistakeWhere stories live. Discover now