EPISODE 13

4.3K 463 16
                                    

Unicode

ကြင်ယာတော်တစ်ယောက် မီးစွမ်းအားထိုးဖောက်ခြင်းအစီအရင်မလုပ်ခင်စိတ်စွမ်းအင်ရော ၊ကိုယ်ခန္ဓာကြံ့ခိုင်ရေးကိုပါ သေချာစေဖို့ အခုရက်များတွင် အနားယူကာအားဖြည့်နေရသည်။အားဖြည့်သည်ဆိုရာတွင် စိတ်စွမ်းအား သုံးစွဲခြင်းမပြုဘဲ အဆောင်တော်အတွင်း၌သာ ခိုအောင်းပြီး စိတ်စွမ်းအားလေ့ကျင့်ခြင်းဖြစ်ရာ တစ်စုံတစ်ယောက်က အပြင်မထွက်ရအမိန့်ကိုပယ်ဖျက်ပြီးသော်လည်း ထူးမခြားနားသာဖြစ်နေတော့သည်။

ဤအရာကို ကြင်ယာတော်လေးတို့ကထူးထွေပြီးမစဉ်းစားကြ ပေမယ့် ထိုတစ်စုံတစ်ယောက်ကတော့  ဘာကြောင့် ထွက်မလာရသလဲ ဟူ၍ကလိကလိနှင့် သိချင်ဇောကြီးနေဆဲပင်။ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုဂုဏ်ရှိန်ဝါဟူသည့် တံတိုင်းကြီးကြောင့် တိုက်ရိုက်မဖွင့်ဟသော်လည်း " မောင်ငယ် ဟီရာ အဆောင်တော်က တိတ်လှချည်လား... အန္တရာယ်တစ်ခုခုများကျနေရော့သလား..." "ဟီရာအဆောင်ကပန်းတွေအဆင်ပြေပြေပွင့်လန်းရဲ့လား" " ငါ့အမိန့်တွေကို နားမထောင်ကြတဲ့ သူများ ရှိရော့လား " အစရှိသည့် ပိန်းတိန်းတိန်းအမိန့်တော်များမှာ ထက်မြက်သည့် နေနတ်ဘုရား၏ နှုတ်တော်မှ ထွက်ရှိခဲ့သည်။ အနီးကပ် ခစားရသည့် ဗိမ္မာန်တော် အုပ်ချုပ်သူဘိုးဘိုးမှာလည်း ပြန်မပြောရဲသဖြင့် " အရှင့်ရဲ့လုံခြုံရေးတင်းကြပ်ပြီး ရန်သူတွေအဖို့အ၀င်သာရှိနိုင်ပြီး အထွက်ကိုအသက်မပါနိုင်သည့် တောင်ပေါ်မှာ ဘယ်သူကအန္တရာယ်ကျရောက်နိုင်မှာလဲ ! ပန်းတွေပွင့်တာကရော အရှင့် ကိစ္စလား ! ထိပ်သီးနတ်ဘုရားဖြစ်တဲ့အရှင့် အမိန့်ကို ဘယ်သူကမနာခံဝံ့မှာလဲ " စသည့်ပြန်လှန်ချေပချက်များကိုတစ်ခွန်းချင်းမြိုချရင်း ခေါင်းကိုသာငြိမ့်ကာ ဟီရာအဆောင်တော်ဘက်ကို တစ်နေ့ သုံးခေါက် အသွားအလာလုပ်ပေးရတော့သည်။

မသိမသာနဲ့ မာနတခွဲသား အရှင်သခင်ကကဲသဲနေသလောက် တစ်ဖက်ကဘုမသိဘမသိဖြစ်နေတဲ့ တစ်ယောက်ကလည်း သူသွားသွား မေးတိုင်း လူလုံးထွက်မပြ။ အနီးကပ်အစေအပါး ၂ ယောက်နဲ့ပဲ ထွက်ပြီး တွေ့စေတာမို့ အုပ်ချုပ်သူခမျာ  ဇောချွေးပျံရပြန်သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now