ခုတော့ မင်းရော ငါပါ ‌အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ‌ဖြစ်နေရပြီ "

သျှားမင်းခန့် ဝေ့တက်လာသော မျက်ရည်စများကြောင့် အမြင်အာရုံများပင် ဝေဝါးလာရသည်။
ငိုချင်စိတ်ကို မထိန်းနိုင်တော့ဘဲ စိတ်ရှိလက်ရှိ ငိုချပစ်လိုက်ချင်သည်။
ဒီပုံအတိုင်းဆို အိမ် တန်း ပြန်လို့လဲ မဖြစ်သေးပါ
မေမေတို့က ငိုထားသော သူ့မျက်နှာ‌ေကြာင့်ဘာဖြစ်သလဲဟု မေးလာရင် မလိမ်ချင်။

ထို့ကြောင့် လမ်းဘေးက ခုံတန်းလျားလေးပေါ်မှာထိုင်ပြီး တငြိမ့်ငြိမ့် စီးနေတဲ့ စမ်းချောင်းကလေးကို ကြည့်ရင်း မလှုပ်မယှက်သာ ထိုင်နေမိသည်။

မိုးထိခေါင် ပန်းခင်းအတွက် လိုအပ်သည်များကို မြို့သွားမည့် ကိုကျော်သာ တို့ထံ သွားမှာရန်အတွက် အိမ်မှ ထွက်ခဲ့ပါသည်

လမ်းလျှောက်နေရင်း အဝေးကနေ
ကောင်လေးတစ်ယောက် ပုခုံးကလေးများကို တစ်လှုပ်လှုပ်ဖြင့် ငိုနေသလားတော့ သေချာမသိ လှမ်းမြင်နေရသည်။

အစကတော့ကျော်သွားမလို့ပေမဲ့
နောက်ကျောက ကြည့်ရတာ သျှားလို
ကိုယ်လုံးသွယ်သွယ်ကလေး
မဟုတ်မှ သျှားများလား....
သျှားကလေ ကျွန်တော် တကယ်ကို လျစ်လျူရှုလို့မရဘူး .....

ထိုကောင်လေး၏အနားသို့ သူညင်သာစွာ
လျှောက်သွားလိုက်ရင်း အနားရောက်တော့မှ
တွေ့လိုက်ရတာက သူထင်ထားသည့်အတိုင်း
သျှားဖြစ်နေပါသည်

သို့သော် သူမထင်ထားတာက မျက်ရည်တွေနဲ့ကျ‌ေနတဲ့သျှားကိုတွေ့ရလိမ့်မယ်လို့ပေါ့.....

မိုးထိခေါင် သျှားမင်းခန့်၏ ကျောကုန်းလေးကို လက်ဖြင့် ဖွဖွ ကိုင်ရင်း သူတို့နှစ်ဦးအပြင်
လေညှင်းလေးများတောင်မကြားနိုင်သော
အသံတိုးဖွဖွဖြင့် .......

" သျှား..."

" ဟင် ..."

သျှားမင်းခန့် အမှန်တကယ်ပင် အံ့ဩသွားမိသည်
ရုတ်တရက် သူဘယ်လိုရောက်လာပါလိမ့် ။
အခုလို အချိန်ကြီးမှာ တိုက်တိုက်ဆိုင်ဆိုင်လေ .....

" ခေါင် "

" သျှား ငိုထားတာလား ဘာဖြစ်လို့လဲ
ကျွန်တော် စိတ်ပူလိုက်တာဗျာ"

ရင်တွင်း ဆူးလေး နှုတ်ပေးပါ. ( Please Remove A Thorn From My Heart)Where stories live. Discover now