EPISODE 14

4.3K 474 12
                                    

Unicode

ကြယ်တံခွန်အကြီးအကဲ၏သားတော်ကို ကြင်ယာတော်အဖြစ်ဆက်သွင်းရန် တောင်းခံသည်ဟုဆိုသော်လည်း ထိုသားတော်နှင့်လည်း မတွေ့ရသလို ၊ နေနတ်ဘုရားကလည်း စိတ်ပါလက်ပါမရှိလှ။ ထိုအစား အနားက ကြင်ယာတော်လေးကိုသာ ကြောင်းလမ်းစေပြီးတစ်ဖက်မိသားစုကို စကားတိုတိုတုတ်တုတ်နှင့်ဖြတ်ချခဲ့ရှာတော့သည်။

"အဟမ်း...မဟာလောကမြစ်ကို အမြန်မောင်း..."

နေနတ်ဘုရားက ချောင်းတစ်ချက်ဟန့်ပြီး ရှေ့ကဘိုးဘိုးတို့ကိုအမိန့်ပေးလိုက်သည်။ဘိုးဘိုးတို့ကလည်း အလိုက်တသိပင် အရှိန်ကိုတိုးလိုက်ပြီး နတ်ရထားပျံရဲ့ နတ်မြင်းပျံက အားကုန်သုံးပြီး ပျံသန်းပေးကြရတော့သည်။ ကောင်းကင်ဘုံသားများကမူကောင်းကင်ပေါ်၀ယ် နေနတ်ဘုရား သူရိယအမှတ်တံဆိပ်ပါ ယာဉ်ပျံက အရေးတကြီးပျံသန်းနေသည်မို့ ထူးထူး ခြားခြားကိစ္စများရှိရော့လား၊ စစ်မက်များ ရှိရော့လားဟု အတွေးပွားကာ ဝိုင်း၀န်းစပ်စုရင်း ရထားပျံအထဲမှ လှပနူးညံ့သည့် ကြင်ယာတော်လေး၏ မျက်နှာကိုလည်း အရိပ်အမြွတ် မြင်လိုက်ကြရပြသည်။ကြည့်ရတာ ‌နတ်ဘုရားတစ်ပါးတော့ အချစ်မှာပျော်၀င်ပြီး တစ်ခုခုကိုဖန်တီးဖို့ ကြံရွယ်နေပြန်ပြီဟု ထင်ကြေးပေးသူကပေး၊ မိဖုရားအသစ်တွေ ထပ်ရောက်ပြန်လာတော့ လူသားကြင်ယာတော်လေးကို လူ့ပြည်ပြန်ပို့ဖို့ အလျင်လိုနေတာဖြစ်မယ်လို့ ထင်သူကထင်နှင့် တစ်ယောက်တစ်ပေါက်ပင်။

"နေနတ်ဘုရားကဘယ်ကိုဦးတည်ပြီးသွားနေတာလဲ၊ ကြည့်ရတာအလျင်လိုနေတဲ့ပုံပဲ..."

"ကြည့်ရတာတော့ လောကနတ်ဈေးဘက်ပဲ၊ အဲ့မှာ တစ်ခုခု၀ယ်စရာရှိလို့ အတူတူသွားတာများလား..."

"အို...ထိပ်သီးနတ်ဘုရားတစ်ပါးက ဈေး၀ယ်ထွက်လို့လား ကွ ၊ မဖြစ်နိုင်တာ၊ ငါထင်တာတော့ ကြင်ယာတော်လေးမှာ ပြသနာ တစ်ခုခုရှိနေလို့သွားတာဖြစ်ရမယ်"

"ကြင်ယာတော်လေးက လူသားဖြစ်နေတာကလွဲရင် အကုန်ပြည့်စုံတယ်ဟ...မင်းကဘာသိလို့လဲ၊ကဲပါယာဉ်ပျံကိုထွက်သွားပြီ...ငြင်းမနေနဲ့ လာ...ကိုယ့်အလုပ်ကိုယ်လုပ်ကြမယ်"

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now