အပိုင်း(၁၈) (ZG+Uni)
Start from the beginning
ပြီးနောက် မောင်နှမနှစ်ယောက်စားနေသည်ကို နူတ်ခမ်းရွဲ့ မျက်မှောင်ကျုံ့ရင်းသာ စိုက်ကြည့်နေမိသည်။ စကိုင်း…စိုက်ကြည့်နေသည်ကို ရွှေလွန်းယံက သတိထားမိဟန်တူသည်။ စာနေရင်းမှရပ်ကာ ဆီပေနေသော နူတ်ခမ်းဖြင့်… မလူံမလဲမေးခွန်းထုတ်လာသည်။
" အငယ်… ဘာလို့အစ်ကိုတို့ကို စိုက်ကြည့်နေတာလဲ? တစ်ခုခု မကျေနပ်တာရှိလို့လား "
ဟား…… လူကိုများ ဆန္ဒပြခေါင်းဆောင်းမှတ်နေသလား။ ဆယ့်နှစ်လရာသီလုံး မကျေနပ်ဖြစ်နေရအောင် ကိုယ်က… ချေမိုးနေတဲ့ ပြဿနာရှာသူလည်းမဟုတ်။ ကိုယ့်မှာက ဒင်းတို့ဖြစ်ပုံကိုကြည့်ပြီး စိတ်ကင်ဆာရနေတာကို ဒင်းတို့မသိ။ အမလေး စိတ်ချမ်းသာတယ်… ငါတကယ်စိတ်ချမ်းသာတယ်။
" Shitt… တကယ်ပါပဲ "
စကိုင်းသည် ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ… ခုံပေါ်က လက်ကိုင်ပုဝါလေးကိုယူကာ ကြောင်ကြည့်နေသော လွန်းယံထံသို့ လျှောက်သွားလိုက်ပြီး ဆီပေနေသော သူ့နှုတ်ခမ်းကို သုတ်ပေးလိုက်လေသည်။
" ဒီမှာတွေ့လား ခင်ဗျားတို့စားနေတာ ဘယ်လောက်ပုံပျက်နေလဲ ဒီဆီပေနေတဲ့ လက်ကိုင်ပုဝါကိုသာ ကြည့်တော့ "
ဆီစွန်းသွားသည့် လက်ကိုင်ပုဝါအား လွန်းယံရှေ့တွင် ချပြလိုက်ရာ… မောင်နှမနှစ်ယောက်မှာ မျက်လုံးပြူး မျက်ဆံပြူးသွားသည်။
" အစ်…အစ်ကိုတို့ စားနေတာ ဆီတွေဒီလောက်တောင် ပေနေတာလားအငယ် "
" ပေမပေ ခင်ဗျားတို့မောင်နှမတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေ "
စကိုင်းပြောသလို ယင်းတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြတော့… အမလေးတသွားရကာ ရှေ့၌ပြင်ဆင်ပေးထားတဲ့ လက်ကိုင်ပုဝါကို အလုအယက် သုတ်နေကြတော့သည်။
သြော်… ဖြစ်ပုံ ဖြစ်ပုံ။ လင်ယူသားမွေးအရွယ်ပဲ ရောက်နေပြီကို ဘယ်ဟာစားရင် ဘာဖြစ်မယ်ဆိုတာ အခုထိမသိကြသေးဘူး။ လွန်းယံက ယောကျာ်းလေးဆိုတော့ ထားပါတော့… ရွှေနန်းစံဆိုတဲ့ ကောင်မက မိန်ကလေးအိနြေ္ဒဆည်ပြီး စားသင့်တာပေါ့။