"...."
"အဲ့ဒီတော့ ကိုကိုက မမကို လိုက်ပိုးပမ်းတာမရခဲ့လို့များ.."
စန်းကျီက တဖန်ပြန်တွေးကြည့်လိုက်ရင်း ;
"နောက်တော့မှ နောက်တစ်ယောက်ပြောင်း....."
သူမ၏စကားမဆုံးခင် စန်းရန်က ရုတ်တရက်မတ်တပ်ထရပ်လာပြီး ;
"ရှောင်ကွေ"
စန်းကျီက နောက်လှည့်ကြည့်လိုက်၍ ;
"ဘာလဲ?"
"သွားမယ်"
စန်းရန်က ဆိုဖာပေါ်မှ အပေါ်ထပ်အင်္ကျီကိုလှမ်းယူရင်း ;
"မင်းကို ပြန်ပို့တော့မယ်"
စန်းကျီက အတင်းပြော၍မပြီးသေးသဖြင့် အမူအရာကမှုန်မှိုင်းနေ၏။
"ညီမလေး ခဏလောက်ထပ်နေလို့မရဘူးလား"
"မင်းပဲ အိမ်စာ အရမ်းပြန်ရေးချင်နေတာဆို"
စန်းရန်က ကုတ်အင်္ကျီကိုဝတ်လိုက်ပြီးနောက် ဘီယာသောက်ထားသောကြောင့် အိမ်တံခါးသော့ကိုသာလှမ်းယူလိုက်၍ ;
"လေကျယ်ရုံသက်သက်ပဲလား"
"...."
စန်းကျီက မတတ်နိုင်သည့်အဆုံးတွင်
"ရိဖန်ကျဲ..နောက်တစ်ခေါက်မှတွေ့မယ်နော် ၊ ညီမလေး သွားတော့မယ်"
ဝိန်းရိဖန် ;
"ဟုတ်ပါပြီ..လမ်းမှာ ဂရုစိုက်နော်"
------
အိမ်ရာထဲမှထွက်လာသည်နှင့် စန်းရန်က တက္ကစီတစ်စီး လှမ်းတားလိုက်၏။
စန်းကျီက ကားထဲသို့အရင်ဝင်သွားခဲ့ပြီး လုံခြုံရေးခါးပတ် ပတ်လိုက်ပြီးနောက်
"ကိုကို..ညီမလေးခံစားနေမိတာလေ ကိုကိုက ရိဖန်ကျဲကိုဆို ကောင်းကောင်းမဆက်ဆံသလားလို့ ၊ မမကဖြင့် အကျင့်ရော သဘောရောကောင်းတယ်မဟုတ်ဘူးလား ၊ စကားပြောရင်လည်း သိမ်သိမ်မွေ့မွေ့လေးနဲ့"
စန်းကျီအနေဖြင့် စန်းရန်၏သူငယ်ချင်းများနှင့်တွေ့ဆုံဖူးသော်လည်း အားလုံးမှာ ယောက်ျားလေးများချည်းသာဖြစ်သည်။
YOU ARE READING
First Frost [ ဘာသာပြန် ]
Romanceဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တာတောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ -စန်းရန်-
Chapter 25
Start from the beginning