အချစ်ဖြင့်သာပြုပြင်ပါ(Ep~17)

Start from the beginning
                                    

.........Kao....ဘယ်ကနေဘယ်လိုစဖြစ်ရတာလဲ...ငါ့ကိုအစအဆုံးပြောပြ...ငါဘယ်လိုမှနားမလည်နိုင်တော့လို့......

Ohmကပြောတော့ Kao အသက်ခပ်ပြင်းပြင်းရှုရင်းခေါင်းငုံ့နေရာမှလှမ်းကြည့်တယ်။

........ငါ....ငါမနေ့ညက Lemonဖိတ်လို့Dinnerစားရအောင်လာခဲ့တာ....
ဘယ်သူ့ကိုမှမပြောဖို့အတန်တန်မေတ္တာရပ်ခံတာကြောင့်ငါဘယ်သူ့မှမပြောပဲ တစ်ယောက်တည်းကားမောင်းလာခဲ့တာ....

..........မင်းကွာ....ဘယ်သူ့ကိုမှမပြောရင်တောင်ငါ့ကိုတော့ပြောပြဖို့ကောင်းတယ်.......

Ohmရဲ့အသံကမချိတင်ကဲမို့အသံနည်းနည်းမာသွားတယ်။

..........ငါ.....ငါ......သူရဲ့တခြားနိုင်ငံမသွားခင်နောက်ဆုံးဆန္ဒမို့လိုက်လျောပေးမိလိုက်တာပါကွာ....အခုတော့ငါ...ငါမသိလိုက်ခင်မှာသူ့ကိုသူ့ကို...Lemonကို
ငါသတ်..သတ်မိလိုက်ပြီ......

..........ဟေ့ကောင် Kaoမင်းစိတ်ကိုငြိမ်ငြိမ်ထားစမ်း.....မင်းလိုဆင်ခြင်တုံတရားရှိတဲ့ကောင်က ဘာမှန်းမသိလိုက်ခင်မှာလူတစ်ယောက်ကိုသတ်တာဖြစ်နိုင်ပါ့မလား.....မင်းစဥ်းစား.......

သူတို့ပြောနေစဥ်မှာပဲအမှုစစ်အရာရှိက
ဆိုဖာတစ်ဖက်စွန်းမှာဝင်ထိုင်လိုက်တယ်။

.........စစ်ဆေးချက်တွေအရ.. အခင်းဖြစ်နေရာအိပ်ရာပေါ်မှာတွေ့ခဲ့တဲ့လူသတ်လက်နက်ကိုသိမ်းဆည်းပြီးပါပြီ...အခုဒီက P'ကိုယ်ပေါ်မှာစွန်းထင်းနေတဲ့
သွေးအစအနတွေကိုစစ်ဆေးဖို့နမူနာယူရပါလိမ့်မယ်...လက်ဗွေရာစစ်ဆေးဖို့လည်းယူရပါမယ်...အဲဒီတော့ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့စခန်းကိုလိုက်ခဲ့ရပါလိမ့်မယ်....ရှေ့နေကြီးကတော့ ပြီးမှလိုက်ခဲ့ပါ....

.......အမှုကိုတိတ်ကျကျဖြစ်အောင်ဆောင်ရွက်ပေးစေချင်ပါတယ်အရာရှိကြီး...ကျွန်တော့်သူငယ်ချင်းမသတ်ခဲ့ဘူးဆိုတာကျွန်တော်ယုံတယ်....

.....ဟုတ်ကဲ့...စစ်ဆေးလိုက်ရင်တော့အားလုံးရှင်းသွားမှာပါ....ရဲဘော် စခန်းကိုခေါ်သွားပါ.....

............ချောက်.......

..........လက်ထိပ်မခပ်ကြပါနဲ့ကျွန်တော့်သူငယ်ချင်းကတရားခံမဟုတ်ပါဘူး.....

(အချစ်ဖြင့်သာပြုပြင်ပါ)CompleteWhere stories live. Discover now