EPISODE 16

4.4K 426 11
                                    

Unicode

နန်းနွယ်နဲ့ နန်းမြတို့နှစ်ယောက်ဟာလည်းထင်သလောက်ရိုးရှင်းနေသူများမဟုတ်ခဲ့။ နည်းပရိယာယ်ပေါင်းများစွာကြွယ်၀ပြီး ဤဘုံလောကသို့ ရူစန္ဒာအဏီရာမင်းသားငယ်နှင့်အတူလိုက်ပါရန် အခြွေရံအဆင့်မြင့်နန်းတွင်းသူများအထဲမှ သူမတို့ နှစ်ယောက်အား အသင့်တော်ဆုံးအဖြစ် ဧကရာဇ်ကိုယ်တိုင်က ရွေးချယ်ခဲ့တာကိုသာကြည့်။

ယခုလည်း အဆုံးအစမဲ့အမြုတေရဲ့ ညှို့အားကသိပ်ကိုကြီးမားပြီး ထိမ်းချုပ်ရခက်ပေမယ့် ကြင်ယာတော်ဟာ လက်စွပ် သုံးကွင်းပြန်စွပ်လိုက်တာမို့ ထပ်မံ၍ထွက်မလာတော့။ သို့ရာတွင် လက်ကျန်ညှို့ဓာတ်တွေကိုပယ်ဖျက်ဖို့ရန်ကလိုအပ်သေးသည်။

လောကရဲ့ ထိပ်သီးသော ပါရမီရှင်တွေဟာ အဆုံးအစမဲ့ အမြုတေပိုင်ရှင်ကို တပ်တပ်မက်မက်ကို လိုချင်နေကြတာဖြစ်ပြီး အခုလို အနံ့အသက်ကို တစ်လောကကလုံးကရနေကြမှာကျိန်းသေပေါက်ပင်။ သူတို့ဟာ ကောင်းကင်ဘုံရဲ့ မြင့်မြတ်ပြီး အကာအရံစည်းကြီးမားသည့် နေနတ်ဘုရားရဲ့တောင်တော်ပေါ်မှာရောက်နေတာဖြစ်လို့ အန္တရာယ်ချက်ချက်းမကျရောက်သော်လည်း အငွေ့အသက်သာကျန်နေခဲ့ပါက ဒီနေရာကို ရောက်မလာဘူးလို့ မပြောနိုင်။နောက်ပြီး နေနတ်ဘုရားကိုယ်တိုက်ကလည်း ထိပ်သီးနတ်ဘုရားသာဖြစ်တာမို့ သူမတို့ အရှင်ကို လိုအင်လောဘကြောင့် သိမ်းပိုက်မှာကိုလည်း သူမတို့ မလိုလားပြန်ပါ။ဒါကြောင့် သူတို့ အမြန်ဆုံး အမြုတေရဲ့ ညှို့ဓာတ်လက်ကျန်ကို ရှင်းလင်းပစ်ဖို့ ကြိုးပမ်းရတော့သည်။

သူမတို့ နှစ်ယောက်ရဲ့ လက်ဝါးများကနေစုပေါင်းထွက်လာတဲ့ ရွှေအိုရောင် အလင်းတန်းဟာ နန်းဆောင်တစ်ခုလုံးကိုလွှမ်းခြုံရစ်ပတ်ပြီး အတွင်းထဲမှ ညှို့ဓာတ်များကို အပြင်သို့ မထွက်စေရန်ကာရံထားလိုက်သည်။ ထိုအချိန်တွင် နန်းမြက နန်းနွယ်ကို ခေါင်းညိတ်ပြရင်း လက်ကိုလွှတ်ကာ သူမကတော့ စိတ်စွမ်းအားကို အသုံးပြု၍ကောင်းကင်ထက်၀ယ်ပျံသန်းဖို့ လုပ်လိုက်သည်။မျက်ဆံတို့က ရွှေညိုရောင်တောက်နေပြီး သူမ၏လက်တို့၌လည်း ရွှေဝါရောင် စိတ်စွမ်းအင်တို့ကရစ်သိုင်းလျက်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now