EPISODE 17

3.5K 321 21
                                    

Unicode

"အရှင်...!!"

သလွန်ပေါ်ထိုင်ဖို့ ခြေတစ်ဖက်လှမ်းတုန်းအနောက်ဘက်က ခေါ်လာတဲ့ ရင်းနှီးတဲ့အသံအိုကြီးကြောင့် နေနတ်ဘုရားတစ်ယောက် မချိပြုံးလေးပြုံးကာ မသိဟန်ဆောင်ရင်း သလွန်ပေါ်ဆက်လှမ်းဖို့ပြင်လိုက်သည်။သို့ရာတွင် အခွင့်မသာ။အနှီအသံကထပ်ထွက်လာပြန်သည်။

"အရှင် ...!! အရေးပေါ်အကြောင်းအရာပါဘုရား"

ကျစ်...
တစ်ခုခုဆို ပွဲဖျက်ရမှ စိတ်ချမ်းသာသောလောကကြီးပင်။နေနတ်ဘုရားတစ်ယောက်ခြေလှမ်းကိုပြန်ရုတ်လိုက်ပြီး အနောက်ဘက်သို့လှည့်ကာ တံခါး၀ကိုကြည့်လိုက်သည်။ထင်တဲ့အတိုင်း... ဗိမ္မာန်တော်အုပ်ချုပ်သူဘိုးဘိုးပင်။

"ဘာအကြောင်းအရာထူးလို့လဲ..."

အသံကသိပ်စိတ်မရှည်နေမှန်းသိသာလှတာမို့ ဘိုးဘိုးတစ်ယောက် သခင်ဖြစ်သူရဲ့မျက်နှာတော်ကို အကဲခတ်ရင်း အရိပ်အခြည်ကြည့်ကာ စကားစဖို့ပြင်ရသည်။ ကြည့်ရသလောက်တော့ ‌ဒေါသထွက်နေတာမျိုး မဟုတ်ဘဲစိတ်အခန့်မသင့်တာလောက်သာဖြစ်မည်လို့ ဘိုးဘိုးကောက်ချက်ချပစ်လိုက်သည်။တစ်ဖက်ကအရေးပေါ်ကိစ္စကလည်း သူမတင်လျှောက်လို့မရ။

"အပြင်ဘက်မှာ ဘုံလောက ၆ ခုက အကြီးအကဲတွေရောက်နေပါတယ်အရှင် ! "

"ဘာ ! "

နေနတ်ဘုရားတစ်ယောက် မျက်မှောင်ကြီးအကြီးအကျယ်ကြုံ့သွားပြီး  ဘိုးဘိုးကိုမေးငေါ့ပြလိုက်ရင်း ဧည့်ခန်းဘက်က ထိုင်ခုံပေါ်တွင်ထိုင်လိုက်၏။

"ဘယ်ဘုံတွေကလဲ...နေပါဦး အကြီးအကဲကို တိုက်ရိုက်တွေ့လို့ရတာကို ဘယ့်နှယ်ကြောင့် ငါ့ရဲ့
ဗိမ္မာန်တော်ကိုလာကြရတာလဲ..."

"လျှောက်ပါသည်ဘုရား...သူတို့တွေနဲ့အတူ အခြားနတ်ဘုရားတွေလည်းပါလာပါသေးတယ်၊ကြည့်ရတာ အရှင့်ဆီကိုပဲတိုက်ရိုက်လာခဲ့ကြပုံပါပဲ။သူတို့ပြောတာက..."

ဘိုးဘိုးက ခန်းမအတွင်းကို တစ်ချက်ကြည့်ရင်း နေနတ်ဘုရားကိုပါကြည့်လိုက်သည်။ဧည့်ခန်းမအတွင်းမှာက လူများများစားစားရှိလှ။ကြင်ယာတော်လေးနှင့်တကွ အနီးကပ်အခြွေအရံ၂ ယောက်သာရှိနေ၏။သို့ပေမယ့် သူ့အနေနဲ့ကလည်းပြသနာကို အခြားသူများကိုမသိစေချင်တာမို့ အရှင့်ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ထိုအကြည့်ကိုမြင်ပြီး သဘော ပေါက်သွားတာက ကြင်ယာတော်လေးပင်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now