EPISODE 18

4K 405 7
                                    

Unicode

"နေနတ်ဘုရားကို ဂါရ၀ပြုပါတယ်"

ဧည့်ခန်းမဆောင်ထဲကအုပ်စုက နေနတ်ဘုရား၀င်လာတာနဲ့တစ်ပြိုင်နက်အရိုအသေပြုလိုက်ကြပြီးနေနတ်ဘုရားကိုတိတ်တဆိတ်အကဲခတ်လိုက်ကြသည်။

မြင့်မားသောအရပ်၊ခက်ထန်သောဥပဒိရုပ်သွင်နဲ့အတူအရှိန်အဝါအပြည့်ရှိလှတဲ့ နတ်ဘုရားတစ်ပါး။လျှောက်လှမ်းလာတဲ့ ခြေလှမ်းကအစ ဟန်အပြည့်မာန်အပြည့်နဲ့ဖြစ်ပြီး ထူးခြားတဲ့ အဆင့်မြင့်နတ်ဘုရားတစ်ပါးရဲ့ ဖိအားတစ်ခုကိုလည်းဖြန့်ကျက်ထားသေးသည်။ ကြည့်ရတာ သူ့ရဲ့ပိုင်နက်ဖြစ်တဲ့ နေရာမှာ မစဉ်းစားမဆင်ခြင်ဘဲ လုပ်လို့မရမယ့်အကြောင်းကို သတိပေးချင်နေသယောင်။

နေနတ်ဘုရားက ခေါင်းကိုတစ်ချက်ညိတ်ပြရင်းသလွန်ပေါ်တက်ထိုင်ရင်းခန်းမတစ်ခုလုံးကိုဝေ့ဝဲကြည့်လိုက်သည်။

လနတ်ဘုရား၊ကြယ်နတ်ဘုရား၊ကြယ်တာစံအိမ်အကြီးအမှူးနတ်ဘုရားများ၊နတ်ဘီလူး၊နတ်နဂါး၊အဆင့်မြင့်ဂဠုန်မျိုးနွယ် စသဖြင့် အယောက် ၅၀ ကျော်အင်အားရှိမည်။စွမ်းအင်တွေကို တစ်ချက်စစ်ဆေးကြည့်တော့အားလုံးက စိတ်စွမ်းအင် ထိပ်သီးအဆင့်တွေချည်းသာ။

သူသိလိုက်ပြီ။ အဆုံးအစမဲ့ အမြုတေပိုင်ရှင်ကိုခြေရာခံပြီးလိုက်လာတာလွဲပြီးကျန်တာမဖြစ်နိုင်။
တစ်လောကလုံးကအမြုတေကိုငမ်းငမ်းတက်လိုချင်နေတာဖြစ်လို့အမြုတေအနံ့အသက်မြစ်ဖျားခံရာ သူ့ဆီရောက်လာတာကိုသူလက်သင့်ခံနိုင်ပေမယ့် ရာရာစစ သူ့ပိုင်နက်မှာ ရှာဖွေချင်တယ်ပေါ့။ရိုသေလေးစားမှုဆိုတာဘယ်နေရာရောက်သွားရသလဲ။

"ဘာအကြောင်းအရာကအထွေအထူးရှိလို့ ရောက်လာကြသလဲ "

ခပ်ပြတ်ပြတ်လေသံနဲ့အတူ အနည်းပိုပြီးအားပြင်းလာတဲ့ အရှိန်အဝါကြောင့် ခန်းမအတွင်းက နဂါး၊ဂဠုန်နဲ့ ဘီလူးထိပ်သီးခေါင်းဆောင်တွေဟာ အနည်းငယ်တုန်လှုပ်သွားကြပြီး ဖိအားရဲ့အငွေ့အသက်ကိုခံစားမိလိုက်ကြသည်။သူတို့ဟာ အုပ်စုလိုက်လာတာမို့ နေနတ်ဘုရားအနေနဲ့ အသာတကြည်ခွင့်မပြုခဲ့ရင်တောင် ဖိအားပေးလို့ရမယ်လို့ထင်ခဲ့ကြတာဖြစ်သည်။ကြည့်ရတာ နေနတ်ဘုရားက သာမန်အခြေအနေလောက်နဲ့ သဘောထားပျော့ပျောင်းမည့်သူမဟုတ်လောက်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now