''ထမင်းစားမယ် ပြင်ပေးကြ''

''အဆင်သင့်ပါပဲ သခင်လေး ပြင်ပီးသွားပါပြီ''

''ဒါတွေဘယ်သူလုပ်ပေးထားတာလဲ''

''ကြီးကြီးမေပါ သခင်လေး''

''သေချာလား''

''ဟုတ်ကဲ့''

ဟိုမိန်းမကြီးလုပ်ထားပေးတဲ့ထမင်းဖြစ်နေမှာဆိုး၍မေးရသေးသည်။သူလုပ်ပေးတဲ့ဟာဆို နိဒါန်းမစားချင်ပါ။ထမင်းစားပီးလို့ ဧည့်ခန်းထဲကိုလာတော့ ဟိုမိန်းမကြီးနဲ့သူ့သားရှိနေသည်။သူတို့ကတစ်ခုခုကိုတိုင်ပင်နေကြသည့်ပုံစံပင်။နိဒါန်းလဲ သူတို့ကိစ္စကိုစိတ်မဝင်စား၍ ကိုယ့်ဘာသာအပေါ်ထပ်ကိုပြန်တက်ခဲ့သည်။

''မင်းဘယ်လိုလုပ််မယ်စဥ်းစားထားလဲ ကောင်လေး''

''ကျွန်တော်လက်ခံတယ်အန်ကယ်''

''Okဒါဆိုမင်းကိုယ်နဲ့တစ်ခါထဲလိုက်ခဲ့ရမှာနော်''

''ဗျာ အခုချက်ချင်းလား အန်ကယ်''

''အင်း ဟုတ်တယ် ကောင်လေး''

ကာရံခေါင်းမီးတောက်သွားသည်။ချက်ချင်းကြီးတဲ့လား ဖေဖေ့ကိုဘာမှမပြောရသေးပေ။ဒါဆိုအခုပြန်ပြီးဖေဖေ့ကို သွားနှုတ်ဆက်ရမှာပဲ။

''ဒါဆိုအန်ကယ် အိမ်ခဏပြန်လိုက်အုန်းမယ်
ဖေဖေ့ကိုနှုတ်ဆက်ချင်သေးလို့''

''အင်း ကောင်လေး ကိုယ်လိုက်ပို့ပေးမယ်''

ကာရံအန်ကယ့်ကားနဲ့ပဲလိုက်လာခဲ့လိုက်သည်။လမ်းထိပ်ရောက်တော့ကားရပ်ကာ အန်ကယ်က သူဒီမှာပဲ စောင့်မည်ပြော၍ ကာရံလဲ ကားပေါ်ကဆင်းကာ အိမ်ကိုလာလိုက်သည်။

''ဖေဖေ''

''ဟေ သား လာလေကွာ''

''သားသူတို့နဲ့တစ်ခါထဲလိုက်သွားရမှာ ဖေဖေ့အတွက်အဖော်လုပ်ပေးဖို့သားဘေးအိမ်က ကောင်းခန့်ကို ဖုန်းဆက်ပြောပီးပီ သူဖေဖေနဲ့လာနေပေးလိမ့်မယ် သားဖေဖေ့ဆီကိုတစ်ပတ်တစ်ခါတော့လာတွေ့မယ်''

''အေးပါကွာ သားကလောနေတော့ဖေဖေလဲမတားတော့ပါဘူး ဒါဆိုသွား သားပစ္စည်းတွေသွားသိမ်းချေ''

''ဟုတ်ကဲ့ ဖေဖေ''

ကာရံအပေါ်ထပ်က သူ့ပစ္စည်းတွေကိုသိမ်းပြီးနောက်ထပ်ကိုပြန်ဆင်းလာကာဖေဖေ့ကိုနှုတ်ဆက်သည်။

My possession doctor (Completed)Where stories live. Discover now