ထို့နောက် ခုဏဆာနေသောဗိုက်သည်လည်း တစ်ခဏချင်းမှာပင် ဘာမှစားချင်စိတ်မရှိတော့သည်မို့ TVကြည့်ရန်သာဆုံးဖြတ်လိုက်သည်။ဧည့်ခန်းဆိုဖာပေါ်မှီထိုင်တာ TVမှလာသောဇာတ်ကားအား စိတ်မဝင်စားနိုင်ပဲ TV ကြည့်တိုင်း သူ့ပေါင်ပေါ် ခေါင်းလာအုံးတတ်သူကိုသာ သတိရနေမိသည်။

လွန်ခဲ့တဲ့ငါးနှစ်လုံး တစ်ယောက်တည်းအထီးကျန်စွာ နေသားကျလာခဲ့သော Wonbin သည် ဆွန်းဟန် ရောက်လာပြီး ငါးရက်အတွင်း ထူးဆန်းစွာ ‌ဆွန်းဟန်ဂရုစိုက်မှုများနှင့် နေသားကျသွားခဲ့သည်။တစ်သက်လုံး ငေးကြည့်ဖို့သာ ဆုံးဖြတ်ထားသော အစိတ်အပိုင်းလေးသည် သူမသိလိုက်ခင်အချိန်လေးမှာပင် သူ့ထံတိုးဝင်လာခဲ့သည်။

ကိုကို့အား ‌ပေးထားသောကတိကြောင့်သာ သူခုအချိန်ထိ တောင့်ခံလာခဲ့တာဖြစ်ပြီး
ပါးပါးရဲ့ကတိကိုလည်း ဖျောက်ဖျက်ပစ်ဖို့ရာ Wonbin မတတ်နိုင်ပါ။ ‌ကိုယ်တိုင်စိတ်ဒဏ်ရာရနေပါသည့်တိုင် ပါးပါး၏ ဒဏ်ရာကိုလည်း ထပ်မဆွချင်ပါသလို ဒီဘေးကျပ်နံကျပ်အခြေအနေတွင် Wonbin တတ်စွမ်းနိုင်ခြင်းကနတ္ထိ ။

Wonbin စိတ်သည် ရှေ့မှလာနေသော စက်ခရင်ပေါ်က ဇာတ်ကားတွင် ရှိမနေပါဘဲ အတွေးတွေဟာ တောင်ရောက်မြောက်ရောက်။ဆွန်းဟန်အကြောင်းတွေးတိုင်း
ပါးပါး ကမပါမဖြစ် ဖြစ်လာပါသလို ပါးပါးရဲ့နောက်မှာ ကိုကို၊မားမား တို့ရဲ့အကြောင်းတွေလည်းအမြဲပါလာရသည်။ Wonbin အတွက် လူတစ်ယောက်ကို ဘဝထဲခေါ်သွင်းဖို့က ဘာလို့အဲ့လောက်ခက်ခဲနေရတာလဲ နားမလည်နိုင်။ ဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်လို စိတ်ရှုပ်ထွေးရပါ၏ ။

ထို့နောက် Wonbin စိတ်အလုံးစုံသည်
ဆွန်းဟန်မသွားခင် တစ်ရက်အလို အတူရှိခဲ့‌သောအချိန်သို့ ရောက်ရှိသွားပါတော့သည်။

ထိုနေ့က ဆွန်းဟန်အိပ်ယာထနောက်ကျသောနေ့ဖြစ်ကာ ၊ Wonbin မနက်စာသွားဝယ်ရင်း ဟင်းချက်ရန် အတွက်ပါ အသီးအရွက်တချို့နှင့် အသားအနည်းငယ်ဝယ်လာဖြစ်ခဲ့သည်။ Wonbin ကပုံမှန်ထက်စောစီးစွာနိုးနေသည်မို့ သူပြန်ရောက်လာပါသည့်တိုင် ဆွန်းဟန်ဟာအိပ်ယာမနိုးသေးပါ။ထို့ကြောင့် ဆွန်းဟန်အိမ်ပါ်စရောက်တည်းက မသွားဖြစ်သော ပန်းချီခန်းဆီဦးတည်မိသည်။

He is MineWhere stories live. Discover now