EPISODE 19

4K 400 24
                                    

Uncode

"အရှင် ! စွမ်းအင်ထိခိုက်တာများလားဘုရား..."

အုပ်ချုပ်သူဘိုးဘိုးကစိုးရိမ်တကြီးနဲ့  ဘေးနားကတုန်တုန်ရီရီပြောလာသည်။နေနတ်ဘုရားကို ဘေးတစ်ဖက်တစ်ချက်စီမှ တွဲကူလာတဲ့ အစေခံ နတ်သားပျိုလေးများကတော့အသံမထွက်ဝံ့။အထူးသဖြင့် သခင်ဖြစ်သူက မျက်မှောင်ကြီးကြုံ့ကာ အံ့တကြိတ်ကြိတ်နဲ့ဖြစ်နေတာမို့ သူတို့ အထူးပင်ကြောက်ရွံ့နေကြခြင်း။သာမန်အချိန်များမှာတောင် ရာဇမာန်ကြီးကာအနေတည်လှသည့် ဒေါသအိုးထိပ်သီးနတ်ဘုရားက အခုလို ဒေါသထွက်နေသည့်အခါ ပိုတိုးလို့ပင်ကြောက်မိသည်မှာ သူတို့အပြစ်ချည်းသာတော့ မဟုတ်လှ။

ဘိုးဘိုးကလည်းထိုသည်ကိုသတိထားမိတာမို့ ထို အငယ်လေးများကို မျက်စိပစ်ကာချော့မော့ရင်း သုကပင် နေနတ်ဘုရားကို ပူပင်တကြီးမေးလိုက်သည်။သို့ရာတွင် ခံစားချက်ကိုအတင်းအကြပ်ထိန်းချုပ်နေရသည့် ဟန်ဖြင့် နတ်ဘုရားကအဖြေပြန်ပေးမလာ။ဤသည်ကပင် သူ့အတွက်စိုးရိမ်စရာဖြစ်လာတော့သည်။ မြင့်မြတ်ပြီး တန်ခိုးရှိန်ဝါကြီးမားလှတဲ့ သူတို့ရဲ့ နေနတ်ဘုရားကို ဘယ်အရာကများ ဒီလို ဒုက္ခရောက်အောင် ကြံရွယ်လိုက်ပါသနည်း။ ဘိုးဘိုးအနေနဲ့ သူ့ရဲ့ လက်သည်းခွံလောက်စွမ်းအားနဲ့လည်း မြင့် မြတ်တဲ့ အရှင့်ရဲ့အခြေအနေကို စစ်ဆေးရန်အခွင့်မသာတာမို့ သူ့ရဲ့ သက်တမ်းကြာရှည်တဲ့အတွေ့အကြုံကိုသာ အသုံးချဖို့ရန်ဆုံးဖြတ်လိုက်တော့သည်။

ပထမအရင်ဆုံးက အရှင့်ရဲ့ကိုယ်ကာယအသွင်အပြင်။ခန္ဓာကိုယ်က ခါတိုင်းသာမန်အခြေအနေကဲ့သို့မဟုတ်ဘဲ  ထူး၍နီမြန်းနေသည်။လည်ချောင်းကလည်းခဏခဏလှုပ်ရှားနေပြီး ဆာလောင်နေပုံရ၏။ခပ်တင်းတင်းဆုပ်ထားတဲ့လက်သီးဆုပ်နဲ့ တငွေ့ငွေ့လောင်မြိုက်ကာထွက်နေတဲ့ နတ်ဘုရားကိုယ်ခန္ဓာ အပူချိန်ကတစ်စတစ်စနဲ့ ရူးလောက်အောင် ဖိနှိပ်နေပြန်သည်။

ဒါက...
ဒါက...
ကာမအားတိုးစေတဲ့အရာတွေရဲ့ လက္ခဏာတွေများလား !

ဘိုးဘိုးထိတ်လန့်သွားရသည်။သူ့အတွေးနဲ့ခန့်မှန်းချက်သာ အမှန်ဆိုပါက မတွေးဝံ့စရာပင်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now