EPISODE 20

4.2K 421 16
                                    

Unicode

နန်းနွယ်နဲ့နန်းမြတို့ နှစ်ယောက်အပါအ၀င် အပြစ်ပြုမိတဲ့ အခြွေအရံမလေးတို့ဟာ နန်းဆောင်မှ ခပ်မြန်မြန်လေးပင်ထွက်ဖို့ပြင်ကြရတော့သည်။မပြင်လို့လည်းမရ။ကြီးမားပြီးလွှမ်းမိုးတတ်တဲ့ စိတ်စွမ်းအား‌တွေတဖြည်းဖြည်းနဲ့နန်းဆောင်တစ်ခုလုံးကို ပျံ့နှံ့လို့လာကာ သူမတို့ကို အတင်းအကြပ်ဖိအားပေးလာသည်မို့။

နန်းနွယ်နဲ့နန်းမြတို့သည်လည်း သူမတို့သခင်လေးကိုစိတ်မချစွာနဲ့ တစ်ချက်ကြည့်လိုက်ပြီးနတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါ သူမတို့သည်လည်း မလွန်ဆန်ဝံ့တာမို့ အမြန်သာ ထွက်ခွာလိုက်ရတော့သည်။သူမတို့ဟာဘယ်လောက် အားကြီးနေပါစေဦးတော့ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအင်ကို စိန်ခေါ်နိုင်ဖို့ကတော့ ဖြစ်နိုင်ချေနည်းနေသေးသည်ပင်။

ကြင်ယာတော်လေးဟာ နန်းဆောင်တစ်ခုလုံးတိတ်ဆိတ်သွားတာကိုခံစားမိပြီး အလျင်အမြန်ပင်ကျောချမ်းသွားတော့၏။သူတွေးကြည့်စရာကိုမလိုအပ်။သေချာပေါက် ဒီ ဆေးမိနေတဲ့နတ်ဘုရားနဲ့သူသာလျှင် ကျန်ရှိနေခြင်းက ဘယ်ကိုဦးတည်နေပါမလဲ။ သေလိုက် ! သေချာဂရုစိုက်ပါရက်နဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမိခြင်း မဟုတ်ပါလား။

သေးငယ်တဲ့မျက်နှာလေးက နီမြန်းလာပြီး မျက်တောင်ရှည်ကြီးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်နေပုံကပူလောင်လှတဲ့ ခံစားချက်တွေကိုထိန်းချုပ်ထားသည့်တစ်ယောက်သောသူကို လွတ်ထွက်သွားစေဖို့ မြှူစွယ်နေမှာကို ကြင်ယာတော်တစ်ယောက်မသိခဲ့။ သူ့ခါးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတဲ့ လက်တစ်စုံနဲ့ အသက်ရှူသံခပ်ပြင်းပြင်းကြီးကိုသာ အထူးသတိထားရင်း ရုန်းထွက်ဖို့ကြိုးစားကြည့်သည်။

ကျောက်တုံးကိုကြက်ဥနဲ့ပစ်ပေါက်တာကမှ ခွက်ခနဲမြည်ဦးမှာဖြစ်ပြီး သူရုန်းလိုက်တာက တစ်ဖက်ကချုပ်နှောင်မှုကို နည်းနည်းလေးမှ မပြေလျော့စေခဲ့။

"အင့်..."

အားစိုက်ပြီးရုန်းလေ အစပိုင်းတုန်းကလို ပိုပိုတင်းကြပ်လာလေဖြစ်သည်။

"အာ့..."

" မရုန်းနဲ့လို့ ကိုယ်မပြောခဲ့ဘူးလား ! "

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now