" ငါစုံစမ်းလာတာတစ်ခုရှိတယ်ပြောဖို့ကိုဆော့နေတာနဲ့မေ့သွားတာ အခုအားပြီဆိုတော့ပြောပြမယ်။ "
အသော်စစ်ကသူ့အကျီအောက်ကစာလိပ်တစ်လိပ်အားထုတ်ကာပြရင်းဆိုလာသည်။စာလိပ်ကအတော်လေးဟောင်းနွမ်းနေပြီဖြစ်သည်။အိမ်မက်သခင်အသော်စစ်ကထိုစာလိပ်အားချည်ထားတဲ့ကြိုးလေးအားဖြည်ကာစာလိပ်အားဖြန့်ပြလာလေသည်။
" ဒါငါရှာတွေ့လာတဲ့ လူတွေကြားထဲနေထ်ုင်လို့ရတဲ့နည်းဘဲ ကြည့်ကြည့်လိုက်။ "
စာလိပ်ထဲမှာစာတွေအများအပြားရေးထားပြီးထိုစာတွေမှာ လူတွေကြားထဲနေထိုင်နည်း လူဝင်စား လူအစားထိုးစာတာတွေပါဝင်လေသည်။ဒီနည်းထဲကတစ်နည်းကရိုးစွေအတွက်အသုံးဝင်မဝင်ဆိုတာမသိနိုင်ပေမဲ့ ကံကောင်းခဲ့ရင် သူပိုင်ပိုင့်ဘေးကထွက်သွားစရာမလိုတော့။
" ငါတို့အိမ်မက်သခင်တွေ ရေတွင်းစောင့်နတ်တွေအဲ့တာတွေကသက်တမ်းနဲ့သက်မှတ်ထားကြတာ သက်တမ်းပြည့်ရင်ငါတို့ကလူသားတွေကြားထဲနေထိုင်ဖို့ငါတို့တွေကလူသားတွေအဖြစ်ပြောင်းလဲသွားလိမ့်မယ် ဒါပေမဲ့အစွမ်းတွေကတော့ပျောက်သွားမှာမဟုတ်သလို တာဝန်တွေကိုဆက်လက်ထမ်းဆောင်နေရလိမ့်မယ်။ "
" လူဝင်စားတာ လူအစားထိုးတာနည်းတွေအများကြီးဘဲရှိသလို အဲ့နည်းတွေအောင်မြင်ဖို့အလဲအလည်ဆိုတာရှိရတယ် ဒါမှမဟုတ်ငါတို့နဲ့တူညီတဲ့လူရှိတဲ့အခါ အဲ့လူဆီငါတို့သွားပြီးနေထိုင်ဖို့ခွင့်တောင်းလို့ရတယ် ဒါပေမဲ့အဲ့နည်းလမ်းကမအောင်မြင်တာများတယ် "
အသော်စစ်အပြောက နားထောင်နေတဲ့ရိုးစွေအားငြိမ်သက်သွားစေလေသည်။သဘောကသူ့မှာဘာမှလုပ်ခွင့်မရှိတော့ဘူးပေါ့ဆိုတဲ့ပုံ။
" ဒါပေမဲ့ ငါပြောပြမယ်ရိုးစွေ ကမ္ဘာပေါ်မှာစွမ်းအားအကြီးဆုံးသောစွမ်းအားက အချစ်စွမ်းအားဘဲ အဲ့အရာကမင်းတို့နှစ်ယောက်ကြားမှာခိုင်မြဲနေတယ်ဆို မင်းတို့အတွက်ရေစပ်ရှိတယ်ဆို မင်းတို့ပြန်ဆုံဖို့ဖြသ်လာလိမ့်မယ်..."
" အသော်စစ်ပြောတာမှန်တယ် ဘယ်စွမ်းအားဟာဘယ်သူမှယှဥ်နိုင်စရာမရှိနေရင်တောင် အချစ်စွမ်းအားကအဲ့စွမ်းအားထက်အများကြီးသာလွန်တယ် အဲ့တာကိုမင်းကိုယ်တိုင်ရှာဖွေရမှာ "
YOU ARE READING
အချစ်နေ့စွဲ ရက်၂၀ (Completed)
Fantasyစိတ်ကူးယဥ်ဝတ္ထုထဲကဇာတ်ကောင်ကိုသဘောကျတဲ့ကောင်လေးနဲ့ ထိုဝတ္ထုထဲကနေထွက်လာတဲ့စိတ်ကူးယဥ်ဇာတ်ကောင်လေးရဲ့အချစ်ရက်၂၀။ Start- 22.12.23 end - 14.2.24
အပိုင်း၉
Start from the beginning