EPISODE 21

4K 389 25
                                    

Unicode

"ခဏ ! "

နန်းဆောင်ကနေပျောက်ကွယ်ခါနီးကျောပြင်လေးကိုကြည့်ရင်းနဲ့မှ တစ်စုံတစ်ခုသောအကြောင်းအရာကို သတိရလိုက်တာမို့ ကြင်ယာတော်တစ်ယောက် သျှင်စံ့ကိုလှမ်းတားလိုက်သည်။

"မင်းရဲ့အကိုတော်ကဘယ်အချိန်လောက်ထွက်လာနိုင်မလဲ "

သျှင်စံတစ်ယောက် ကြားလိုက်ရတဲ့စကားကြောင့် အံ့အားသင့်သွားပြီး မေ့မျောနေတဲ့ ဆရာဖြစ်သူကို ကြမ်းပြင်ပေါ်ပစ်ချရင်း  ကြင်ယာတော်လေးရဲ့အနားကိုပြေးလာကာ

"ဘာဖြစ်လို့သိချင်တာလဲ၊ ကြင်ယာတော်က သျှင်စံ့အကို ကိုစိတ်၀င်စားတယ်ပေါ့ ! "

"အဲ... အဲ့လိုမဟုတ်ပါဘူး။သူ့ရဲ့အခြေအနေကိုသိချင်‌တာကြောင့်မေးလိုက်တာပါ၊သိပ်ပြီးလည်း မတွေးပါနဲ့ "

"အော် "

သျှင်စံတစ်ယောက် စိတ်ဓာတ်ကျသွားသော်လည်းတစ်ခဏချင်းပင် ပြုံးပျော်လာပြီးနောက်

"ဒီရက်ပိုင်းအတွင်း အကိုတော် အဓိပတိ က ဂူထဲကပြန်ထွက်လာလိမ့်မယ်။ဖြစ်နိုင်တာက တော့သူ ဂူထဲကထွက် ထွက်ချင်းပဲသူ့ရဲ့မိဖုရားနေရာကိုပြင်ဆင်လိမ့်မယ်ထင်တယ် "

ကြင်ယာတော်တစ်ယောက် သျှင်စံ့ကိုကြည့်ရင်းမချိပြုံးလေးသာပြုံးပြလိုက်သည်။ ဒီစကားက ဘယ်အခြေအနေကိုရောက်လို့ ဘယ်ဆီကိုဦးတည်နေကြောင်း ရှင်းပြစရာမလိုအောင်ပင် သူသိနေသည်မဟုတ်ပါလား။

သို့နှင့် သျှင်စံသည်လည်းကောင်း၊ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ နေနတ်ဘုရားသည်လည်းကောင်း တစ်ခဏအကြာတွင်ပျောက်ကွယ်သွားပြီး ဟီရာ နန်းဆောင်သည် မူလအတိုင်း ဖိအားများကင်းရှင်းသွားတော့သည်။

"ဆိုတော့ ဒီနေ့ညတော့ အန္တရာယ်လွတ်ကင်းပြီပေါ့"

ကြင်ယာတော်လေးရဲ့စကားကြောင့် နန်းမြရော နန်းနွယ်ပါ စိတ်လိုလက်ရရယ်မိလိုက်ကြသည်။ရှေ့ဆက်ပြီး ဘာဖြစ်မယ်မသိနိုင်ပဲ တစ်ညတာသာ အန္တရာယ်လွတ်ကင်းခြင်းအတွက် သူတို့ပျော်သင့်ပါသည်လား မသိတော့ပေ။

******************

သျှင်စံတစ်ယောက် ပခုံးပေါ်က ဆရာဖြစ်သူကိုတစ်ချက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ချရင်း သူရိယတောင်ပေါ်မှပျံသန်းကာ ထွက်ခွာသွားလိုက်သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now