အပိုင်း (၇)

Start from the beginning
                                    

ထိုသို့ဖြင့် ​ဖြေးညှင်းစွာ ဖုန်းရှိရာသို့ ​လျှောက်သွား​နေရသည်။ ဖုန်းဆီသို့ ​ရောက်မည့်ဆဲဆဲတွင် ​သွေးရည်များသည် တ​ဖြေး​ဖြေးနှင့် တိုးလာသည်ကို ခံစားရသည်။ ခနက​တော့ ဒူး​လောက်ပင် ရှိ​သေး​ပေမယ့် ခု​တော့ ခါးထိကို ​ရောက်​နေပြီဖြစ်ပါသည်။ ​မှိုင်းလျှံ အ​နောက်သို့ ပြန်လှည့်ကြည့်မိရသည်။ ​သွေးရည်များသည် မိမိခါးအထိ ​ရောက်​နေပြီဆိုပါလျှင် ကုတင်​ပေါ်တွင် လှဲ​လျောင်း​နေ​သော အချစ်သည် မည်သို့ ဖြစ်သွားမည်နည်း။ ​သွေးရည်​တွေထဲ နစ်မွှန်း​နေမည်လား။ မှိုင်းလျှံ လှည့်ကြည့်မိ​​တော့ ကုတင်ဟာ နစ်မြှုပ်​နေပြီဖြစ်သည်။ မှိုင်းလျှံ ​ခေါင်းကြီးချင်သွားသည်။ အသက်ကို​တောင် မနည်းလုရှူ​​နေရသည့် သူ့ချစ်သူဟာ ​သွေးရည်​တွေ​အောက် ​ရောက်သွားပြီတဲ့လား။

ထို့​ကြောင့် မှိုင်းလျှံ နံရံက ဖုန်းဆီ ဆက်မသွားနိုင်ဘဲ ​သွေးရည်များ​အောက် ငုပ်ချပစ်လိုက်ရသည်။ သူ့ဘဝတွင် တစ်ခါမှားပြီးသားအရာတစ်ခုကို ဆက်လက်မှားယွင်းဖို့ ခွင့်မပြုနိုင်သည့်အတွက်​ကြောင့်သာ ဖြစ်သည်။ ​နောက်ပြီး ထိုလူသားသည် သူ့အသက်မက ချစ်မြတ်နိုးရမှန်း သိသွားသည့်အခါမှာ အဲ့ဒီလူသားသာ အ​ရေးကြီး​တော့​ကြောင်းကို သ​ဘော​ပေါက်လာခဲ့ရ​တော့သည်။

သို့​သော် ​နီရဲ​တောက်​နေသည့် မိမိခါး​လောက်ပင်ရှိသည့် သွေးရည်​တွေ​အောက်တွင် မိမိ၏ ချစ်ရပါ​သော စာ​ရေးဆရာ​လေးကို မ​တွေ့ခဲ့ရပါ။ ​သွေးရည်ထဲတွင် လူနာကုတင်ကို ​တွေ့ရသည်။ ကုတင်​ပေါ်တွင်​တော့ အချစ်ကို မ​တွေ့ရ​ပေ။ အချစ် မင်း ဘယ်​ရောက်သွားတာလဲကွာ။ မှိုင်းလျှံ ​​သွေးရည်ထဲတွင် ကူးခတ်ကာ ရှာ​နေဆဲဖြစ်သည်။ ကုတင်၏ ပတ်ပတ်လည်ကိုလည်း နှံ့​နေပြီဖြစ်သည်။ ကုတင်​အောက်ကို​တော့ မကြည့်ရ​သေးဘူးဖြစ်သည်။ ကုတင်​အောက်သို့ ​ဖြေးညှင်းစွာ ငုံ့ကြည့်ရသည်။ မရှိခဲ့ပါ။ ထို့​ကြောင့် ​သွေးရည်​တွေထဲက​နေ အ​ပေါ်သို့ အသက်ရှူ​ရန် ကြိုးစားရပြန်သည်။

​ဖြေးညှင်း​နေသည့် လှုပ်ရှားမှု​တွေကို မှိုင်းလျှံတစ်​ယောက် စိတ်မရှည် ဖြစ်​နေရသည်။ ​သွေးရည်ထဲက ထွက်ခါနီး ​လေဟာနယ်ထဲ ​ရောက်​တော့မည့်ဆဲဆဲတွင် သူ့​ခြေ​​ထောက်ကို တစ်​ယောက်​ယောက်က ဆွဲထားသလို ခံစား​နေရသည်။ ​သွေးရည်​တွေကလည်း ထပ်ပြီး များလာသလို ခံစား​နေရသည်။ ထူးဆန်းသည်။ အထူးဆန်းဆုံးက အခန်းထဲသို့ မည်သူမျှ လာမကြည့်ကြခြင်းပင်ဖြစ်သည်။ အခန်းထဲ​ကသွေးရည်​တွေကလည်း အပြင်ဘက်သို့ စိမ့်ထွက်ခြင်း မရှိ​နေ​ပေ။ ဘာ​တွေလဲ။ ဘာ​တွေဖြစ်ကုန်တာလဲ။ အိပ်မက်မက်​နေတာလား။ မဟုတ်နိုင်ပါဘူး။ ​ခြေ​ထောက်ကို ဆုပ်ကိုင်ထားတဲ့လက်​တွေကိုလည်း ခံစားလို့ရ​နေတာပဲ။

​ကြွေ (Complete)Where stories live. Discover now