EPISODE 23

3.8K 373 17
                                    

Unicode

နေနတ်ဘုရားတစ်ယောက် မူးနောက်နေရာကနေမျက်လုံးဖွင့်ကြည့်ပြီး ပတ်၀န်းကျင်ကိုစူးစမ်းကြည့်လိုက်တော့ သူရောက်နေတာက တဲအဆောက်အဦတစ်ခုထဲဖြစ်ပြီး နည်းနည်းလှုပ်ကြည့်လိုက်တော့ သူ့လက်မောင်းနေရာကို တစ်ခုခုကဖိထားပုံပေါ်သည်။
သူကြည့်လိုက်တော့ နေနတ်ဘုရားရဲ့တည်ကြည်ခန့်ညားလှတဲ့ မျက်နှာတော်ဟာစိုးထိတ်မှုကြောင့်ပျက်ယွင်းသွားပြီး ဝုန်းခနဲ ကုတင်ပေါ်မှ ထရပ်လိုက်သည်။

သူ့အမြင်ကိုသူမယုံနိုင်။ကုတင်ပေါ်မှာ သူ့လက်မောင်းပေါ်ခေါင်းအုံးပြီးအိပ်နေတာက သူ့ရဲ့ပညာသင်ကျောင်းသား သိမ်မွေ့ပြီး နက်နဲတဲ့ သျှင်စံ။
၀တ်လစ်စလစ်နဲ့ဖြစ်နေပြီး သူကိုယ်တိုင်ကလည်းဗလာကျင်း။

"အာ့ ! "

သူကရုတ်တရက်ဆန်စွာ ထလိုက်တာမို့ အိပ်ပျော်နေတဲ့ သျှင်စံရဲ့ခေါင်းဟာ ကုတင်ကြမ်းခင်းနဲ့ ဒုန်းခနဲဆောင့်မိသွားရာ အာမေဋိတ်သံပင်ထွက်လာရတော့သည်။

သျှင်စံကနာကျင်မှုကြောင့် နှာခေါင်းလေးရှုံ့လိုက်ပြီးမျက်လုံးလေးဖွင့်ကြည့်လိုက်တော့ ဆရာကနိုးနေပြီ။
သူအမြန်ထလိုက်တော့ စူးစူးနစ်နစ်နာကျင်လာတဲ့ အနောက်ဘက်နေရာမှ တစ်ကိုယ်လုံးအတိုင်းအတာအထိပင်။

နေနတ်ဘုရားတစ်ယောက်ဆွံ့အလျက်ရှိပြီးဘာတစ်ခုကိုမှဆက်ပြီးမပြောနိုင်ခင်မှာ သျှင်စံ့ကိုယ်ပေါ်က အနီရဲရဲ ဒဏ်ရာများစွာနဲ့ တချို့ မပြောပြနိုင်အောင်ညစ်ပတ်လှတဲ့ အရည်တွေကြောင့် သူ့မျက်နှာထားကသာ၍ပင်ပျက်ယွင်းသွားရသည်။

"ဆရာ ! "

သျှင်စံကစိုးရိမ်တကြီးနဲ့ ရှင်းပြဖို့လုပ်လိုက်ပေမယ့် ထက်မြက်လှတဲ့ နေနတ်ဘုရားက သျှင်စံ့အပြုအမူကိုမြင်တာနဲ့တင် တခဏအတွင်း အဖြစ်အပျက်အားလုံးကို ခြုံငုံသုံးသပ်နိုင်သွားပြီဖြစ်သည်။

"မင်း!!"

နေနတ်ဘုရားကတစ်ခုခုကိုပြောဖို့လုပ်လိုက်ပေမယ့်ဘာမှဆက်မပြောဘဲသူ့၀တ်ရုံကိုသာကောက်ပြီး၀တ်ဖို့ပြင်လိုက်သည်။

"ဆရာ !! သျှင်စံရှင်းပြပါ့မယ် "

"မင်း လက်ဆတ်ပွဲအတွက်ပြင်ဆင်ထားလိုက်"

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now