ကိုယ်ကလဲငိုပြီး သူကလဲငိုနေလေတာ။ ထပ်တူညီနေတဲ့နှလုံးသားနှစ်ခုကွဲအက်နေပုံက မျက်ရည်တွေနှင့်။
"ငါတို့ကမဖြစ်နိုင်တော့ဘူး"
နွေးထွေးတဲ့လက်တစ်စုံရဲ့တင်းကြပ်စွာဆုပ်ကိုင်ထားခြင်းကိုခံထားရသော်လည်း ထိုအနွေးဓာတ်က သူ့နှလုံးသားကိုတော့ အေးစက်စွာရိုက်ခတ်သည်။
"ဂျယ်ယွန်း မရဘူး .. မရဘူး"
လက်ကောက်ဝတ်ကဖက်တွယ်မှုကို တွန်းဖယ်သော်ငြား အချည်းနှီးသာ။
"မင်းထပ်ပြီးပိုင်စိုးပိုင်နက်တွေလုပ်လာခဲ့ရင် ငါတရားစွဲတော့မှာ"
နှလုံးသားက ကိုက်ခဲကာ ဆစ်ခနဲ။ နာကျင်မှုတွေက အဖျားရှိန်တွေလိုမျိုး တစ်ရိပ်ရိပ်တက်လာလေတာ ရှုထုတ်လိုက်တဲ့လေပူတွေတောင်မှ ပူလောင်ခြင်းတွေကြောင့် ဆူပွက်နေရပြီ။
"အဲ့ဒါကြောင့်လွှတ်ပေးတော့ ပတ်ဆောင်းဟွန်း"
ရှိသမျှအားအင်သုံးကာ လက်ကောက်ဝတ်က လက်ကိုဖယ်ခွါလိုက်တော့ လေထုက ပြတ်လပ်သွားတဲ့လက်နှစ်ဖက်ကြားတိုးဝင်လာသည်။
နောက်တော့ ဂျယ်ယွန်း ခြေလှမ်းတို့ကိုသွက်လိုက်သည်။ လက်ခုံနဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး နောက်ကိုတစ်ချက်မှလှည့်မကြည့်ပါဘဲ သူအိမ်ထဲကနေထွက်လာခဲ့လိုက်သည်။
နောင်တမရှိတာတော့မဟုတ်ဘူး။ မချစ်လို့ ဖြတ်တောက်ခဲ့ရတာမှမဟုတ်လေတာဘဲ နှလုံးသားငယ်နာကျင်ကာ စုတ်ပြတ်သပ်နေရတာက ဆန်းတော့မဆန်းလှပါဘူး။
ရှေ့လျှောက်တော့ သူနောင်တတရားတွေရဲ့ ဝါးမြိုခြင်းတွေတောင့်ခံနိုင်ဖို့လိုတယ်။ နေ့ရက်တွေက မသာယာတော့မှာကိုသိသော်ငြား ဂျယ်ယွန်းကတော့ ရူးမိုက်စွာနဲ့ ပြတ်သားနေတော့တာပဲ။
အဲ့သလိုနဲ့ ဂျယ်ယွန်းစတင်ဖြတ်တောက်ခဲ့တဲ့ကြိုးက တင်းလိုက် လျော့လိုက်အခြေအနေကြားကနေ အခုအချိန်မှာတော့ တိခနဲပြတ်တောက်သွားပြီဖြစ်ပါ၏။
တကယ်ဆို အခုသူ့ဦးနှောက်ထဲမှာ ဘာတွေတွေးနေလဲဆိုတာမသိဘူး။ ဦးနှောက်ထဲမှာ ဘာတွေဖြတ်ပြေးသွားတယ်ဆိုတာလဲ သူတကယ်မသိဘူး။ အခုအချိန်မှာ သူ့ဦးနှောက်ရော ရင်ဘတ်တစ်ခုလုံးရော ထုံကျဉ်နေတာကိုပဲ သူသိသည်။
YOU ARE READING
Mania You // SungJake (Completed)
FanfictionNo matter if I become your nightmare or your fear, I will still love you ever The whole fiction is just an author's imagination