"ဟုတ်ကဲ့ ဖွားဖွား မြေးကို နားလည်ပေးတဲ့တွက် ကျေးဇူးပါ ဖွားဖွား...

မင်းခန့်သော်ဇင် အူမြူးလို့နေပါသည်
မျက်နှာကြီးက ပြုံးဖြီးနေပြီး
တစ်ယောက်သောသူထံသို့ ဖုန်းခေါ်လိုက်သည်...

" ညီ....

"ဟုတ် အစ်ကို ပြော.....

" ကိုယ့်မိဘတွေကို ဖွင့်ပြောလိုက်ပြီ သိလား

" ဟုတ်လား အစ်ကို
ယောက်ခမတွေက ဘာတဲ့လဲ
သဘောတူတယ်တဲ့လား...?

" ဒါပေါ့ ညီ..ရဲ့ သဘောတူတာပေါ့

" ဟား တကယ်ကြီးလား အစ်ကို

" တကယ်ပေါ့...

" ညီက အစ်ကို နောက်နေတယ်ထင်လို့
အစ်ကို့ကို နောက်နေတာဗျ
တကယ်ဆိုရင်တော့ ပျော်စရာကြီးဗျာ.....

" တကယ်ပါ ညီ... ပျော်လိုက်တော့နော်...
နက်ဖြန် ငပလီသွားကြမယ် ညီ့သူငယ်ချင်းတွေ ကြိုက်သလောက်ခေါ်ခဲ့လိုက်နော်
အစ်ကို့ဘက်ကတော့ နှစ်ယောက်ခေါ်ခဲ့မယ်

" ဟုတ်ကဲ့ အစ်ကို....

သြော်...
လူတွေဆိုတာကလည်း အတွေ့အထိမှာ
သာယာခွင့် မရခဲ့ခင်တုန်းက နှစ်တွေကြာပြီး
အသက်တွေသာ ကြီးလာတယ်
ရရှိခဲ့တဲ့ ကြည်နူးပီတိ ဖြစ်တာခြင်း
မတူတာကို ခံစားလာပြီးတဲ့နောက်မှာတော့
5 နှစ်လောက်တွဲခဲ့တဲ့ ကောင်မလေးကိုတောင်
မေ့ထားနိုင်လောက်အောင် ထားပစ်ခဲ့နိုင်လောက်အောင် အဲဒီအတွေ့အထိက
တော်တော်လေးကို စွမ်းအားတွေ
ကြီးလှပါလားနော်....

မင်းခန့်သော်ဇင် ကိုယ့်ကိုယ်ကိုလည်း
တော်တော်လေးကို အံ့သြမိပါတယ်
လဝန်းလေးက တကယ်ကို
ချစ်ဖို့ကောင်းပါတယ် ကိုယ်တိုင်ကလည်း
တကယ်ချစ်ခဲ့တာပါပဲ.... ဒါပေမဲ့
ဘယ်သူသိနိုင်မလဲ ကောင်လေးတစ်ယောက်နဲ့ ပတ်သက်မိပြီး ကိုယ့်ကိုယ်ကို
ဂေးသွားလိမ့်မယ်လို့....
****************************

"ဟဲလို... သမီးကြီး...

" ဟုတ်ကဲ့ မေမေ... ပြောပါ...

" ဒီနေ့ အပြန် အိမ်ဝင်ခဲ့လိုက်ဦးနော် သမီး
သမီးကို မေမေ ပြောစရာရှိလို့

" ဟုတ်ကဲ့ပါ မေမေ...

လဝန်းအက္ခရာ မေမေတို့နဲ့ကလည်း
မတွေ့ဖြစ်တာကြာပြီဆိုတော့
ရုံးဆင်းရင်တော့ သွားတွေ့ရပါဦးမည်

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now