EPISODE 24

4K 363 22
                                    

Unicode

တစ်ဖက်မှာတော့ လောကတစ်ခွင်လုံးကိုလှုံ့ဆော်ပေးစေတဲ့ အဆုံးအစမဲ့အမြုတွေထွက်ပေါ်လာမှုသတင်းရ ချက်ချင်းပင် တိမ်မြုပ်သွားပြီး လောကရဲ့ အမြင့်ဆုံး ထိပ်သီး မီးနတ်ဘုရား ပေါ်ထွက်လာမှုကဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့သည်။ မီးနတ်ဘုရားက ရှိနှင့်ပြီးသား နေနတ်ဘုရားနဲ့ အသက်အရွယ်ရော ဝါစဉ်ပါ ယှဉ်မရပေမယ့် ဆယ်ကျော်သက်အရွယ်နဲ့ ဤအဆင့်ကိုတက်လှမ်းနိုင်သွားသူမို့ ခေသူတော့မဟုတ်။

အဆုံးအစမဲ့အမြုတေ...
ထိပ်သီးမီးနတ်ဘုရားပေါ်ထွက်လာခြင်း...

ဒါတွေက တိုက်ဆိုင်တာလား။ တမင်ပဲ ကြိုတင်ကြံစည်ထားကြတာလား ။ သူတို့အားလုံး စဉ်းစားရကြပ်နေကြပြီးအရာအားလုံးကိုသိမြင်နိုင်ဖို့ ငမ်းငမ်း တက်ခြေရာခံဖို့ကြိုးစားနေကြတာပင်။

ထိပ်သီးနတ်ဘုရားတွေကပုံစံမျိုးစုံနဲ့ထပ်ပြီးပေါ်ထွက်လာနိုင်မှာဖြစ်ပြီး ဂြိုဟ်နတ်ဘုရားတွေထဲမှာတော့ နေနတ်ဘုရားတစ်ပါးတည်းသာ ထိပ်သီးနတ်ဘုရားအဖြစ်တက်လှမ်းနိုင်ခဲ့ခြင်း။သို့ပေသည့် စွမ်းအင် နတ်ဘုရားတွေကတော့ သိပ်ကိုကွဲပြားလှသည်။ မြေ၊ ရေ၊ လေ၊ မီး ၊လေးမျိုးအနက် မီးနတ်ဘုရားတစ်ပါးကတော့ ပေါ်ထွက်ခဲ့ပြီ။ ကျန်သုံးမျိုးကရော ထပ်ပြီးထွက်ပေါ်လာဦးမှာလား။ထပ်ပြီး ထိပ်သီး နတ်ဘုရားတွေချည်း အလျှိုလျှိုထွက်ပေါ်လာဦးမယ်ဆိုရင်တော့ ဒီကိစ္စက သူတို့အားလုံးအတွက် လွယ်ကူနေမှာ မဟုတ်တော့။

အဆုံးအစမဲ့အမြုတေရဲ့ ပိုင်ရှင်ကို သိမ်းပိုက်နိုင်သူဟာ စကြ၀ဠာတစ်ခုလုံးမှာ တစ်ယောက်သာလျှင်ရှိရမှာဖြစ်ပြီး ထိုသူဟာလည်း အမြင့်ဆုံးသော ခွန်အားနဲ့ စွမ်းအင်ကိုပိုင်ဆိုင်ထားရမှာဖြစ်သည်။ နိဂုံးချုပ်ရရင်တော့ အားကောင်းတဲ့ပြိုင်ဘက်တွေ ထပ်ပြီး ပေါ်ထွက်လာမှာကို သူတို့ထပ်ပြီး မလိုလားကြတာဖြစ်သည်။

သူတို့မည်မျှပင်စိုးရိမ်နေပါစေ လက်ရှိ မီးနတ်ဘုရားဟာတော့ အချိန်ကိုက်ပေါ်ထွက်လာတဲ့ ဗိမ္မာန်ကြီးနဲ့အတူ သူ့ရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါဟာလည်း သုံးလောကမှာပျံ့နှံ့လို့သွားခဲ့တော့သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now