" ဒါနဲ့ ဒီရက်ပိုင်း မြို့ထဲခိုးဝင်သူတွေရှိတယ်ဆိုတာကရော "

Seungminဟာ သတိရသွားပြီး မေးလိုက်တော့သည်။ ကပ်ရောဂါမြို့ကနေ ဘာကိုလိုချင်လို့များ ခိုးဝင်ရတာများလဲ

" အဲ့ဒါက မနေညကဖြစ်သွားတာပါ ဝင်လာတာတစ်ယောက်တည်း ပြီးတော့သူခိုးဓားပြပုံစံလည်း မဟုတ်ဘူးဗျ လူကောင်းသေးသေးလေးနဲ့ စာပေသမား သခင်လေးလိုပဲ "

" ပြီးတော့ သူ့ကိုယ်သူ သမားတော်တဲ့ "

Changbinရဲ့စကားကို ကောင်ငယ်လေးက ဖြည့်စွက်ပြောပေးလာသည်။ နောက်ဆုံးစကားကြောင့် Seungminတို့ သုံးယောက် နေရာမှာတောင့်ခနဲ ဖြစ်သွားရသည်။

" သမားတော်တဲ့လား "

" ဟုတ်ကဲ့ "

" မဟုတ်မှ ဝါးခမောက်ဆောင်းထားပြီး အဝတ်ထုပ်တစ်ထုပ်နဲ့ တစ်ကိုယ်လုံးအဖြူရောင် ဝတ်ထားတဲ့တစ်ယောက်လား "

" အယ်...အရှင့်သား ဘယ်လိုသိတာလဲ "

ကောင်ငယ်လေးဟာ မျက်ဝန်းများ ပြူးကျယ်ကာ တအံ့တသြမေးလာတော့သည်။ သို့သော် သူ့ကို မည်သူမျှမဖြေအား။ အကြောင်းမှာ Jisungသည် ချက်ချင်း Changbinကို လက်ဆွဲကာ ထိုသူရှိသောနေရာသို့ ပြေးထွက်သွားပြီး Seungminနဲ့Minhoသည်လည်း နောက်မှလိုက်သွားကာ မည်သည်ကိုမျှ နားမလည်လိုက်သော ကောင်လေးနဲ့Chrisတို့သာ ထိုနေရာ၌ ရပ်ကျန်ခဲ့လေသည်။

*********************************

" Yongbokရေ!!! "

" Jisungလေး!!! "

အနည်းငယ် ညစ်ထေးနေသော ဂိုထောင် တစ်နည်း အချုပ်ခန်းအဖြစ် အသုံးပြုထားသောနေရာတွင် လူနှစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်နေကြလေသည်။

" စိုးရွံ့မိပါတယ် အရှင့်သား သူကအရှင့်သားနဲ့ သိကျွမ်းမှန်း ကျွန်တော်မျိုးမသိခဲ့ဘူး "

" ရပါတယ် Yongbokကအဲ့လိုပဲ သူ့ကိုသိတဲ့သူနည်းတယ် ဒါမဲ့မြို့ရွာလေးတွေမှာ လှည့်လည်သွားလာနေတဲ့ ဝတ်ရုံဖြူ နတ်ဆေးသမားတော်ဆိုတာကိုတော့ မင်းကြားဖူးမှာပါ "

ထိုအခါ မျက်ဝန်းတွေပြူးကျယ်သွားရသူက Changbinပါလေ။ မကြာသေးခင်နှစ်ပိုင်းတွေက Jongyeongတွင် ဟိုးလေးတကျော် ဖြစ်သွားတဲ့ သတင်းရှိခဲ့သည်။ ထိုသည်က မြို့ရွာအသေးလေးတွေနဲ့ အ​ခြေခံလူတန်းစားတွေကို အခကြေးငွေမယူဘဲ လိုက်ကုသပေးတဲ့ ဝတ်ရုံဖြူနဲ့သမားတော်လေးအကြောင်းပင်။ လိုအပ်သည့်နေရာများတွင် ကောင်းကင်ပေါ်ကကျလာသလို ပေါ်လာတတ်ပြီး ကိစ္စပြီးသွားသည့်အခါ မည်သည့်အခကြေးမျိုးမှ မယူဘဲ ပြန်ပျောက်သွားတတ်လေသည်။ ထို့ကြောင့် လူထုအကြား ဝတ်ရုံဖြူ နတ်ဆေးသမားတော်ဟူ၍ ကျော်ကြားလာခဲ့လေသည်။

Under the White SnowWhere stories live. Discover now