EPISODE 25

4.2K 394 12
                                    

Unicode

ဘုန်း !

မီးနတ်ဘုရားဗိမ္မာန်တော်ထဲမှာ အသီးသီးက ကိုယ်စီမိတ်ဆက်ရင်း သခင် နှစ်ပါးအပေါ် သစ္စာစောင့်သိမှုကိုဖော်ထုတ်နေကြချိန်တွင် ဗိမ္မာန်တော်အရှေ့ဘက်ဆီက ဆူညံသံကြီးကိုကြားလိုက်ရပြီး များမကြာမီပင် ဗိမ္မာန်တော်၏ တံခါးမှူးလေးက စိုးရိမ်တကြီးဖြင့် မီးနတ်ဘုရားငယ် နှင့် မဟေသီတို့ ရှေ့မှောက်ခစား၀င်လာခဲ့ကြသည်။

"ဘာဖြစ်တာလဲ ! အလန့်တကြားနဲ့ အရှင်တို့ ဂုဏ်ကျက်သရေကို ထိခိုက်စေမယ် သတိထားပြုမူစမ်း"

ဦးမာဂက မျက်မှောင်ကြုံ့ရင်အစောင့်လေးကိုလှမ်းငေါက်ငန်းလိုက်သည်။သူ့ရဲ့အရိုးထဲစွဲနေတဲ့ အကျင့်တရားနဲ့ စည်းကမ်းတွေက ဘယ်လိုအခြေအနေမှာပဲဖြစ်နေပါစေ မိမိသခင်၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဂုဏ်သိက္ခာမြင့်မားစေရေးသာအဓိကထားရန်ဖြစ်ပြီး မည်သည့်ပေါ့လျော့မှုကိုမှသည်းညည်းမခံတတ်ရန်ဖြစ်၏။

"ခွင့်လွှတ်တော်မူပါအရှင်...အရှင်မိဖုရား ! ဒါပေမယ့်...ဒါပေမယ့်..."

"ဘာဖြစ်သလဲ "

ရူရူက တုန်ရီကာ ထစ်ငေါ့ နေသည့်ငယ်သားလေးကိုစကားထောက်ပေးလိုက်ခြင်း။

"အဲ့ဒါက ဗိမ္မာန်‌တော်အပြင်ဘက်မှာ အရှင်နဲ့ အရှင် မိဖုရားကိုနာမည်တပ်ပြီး စိန်ခေါ်နေကြောင်းပါ ..."

"ရိုင်းလိုက်တာ ! အရှင်တို့ စိတ်အ‌ နှောက်အယှက်မဖြစ်ပါနဲ့၊ဟောဒီက အဖိုးကြီးသွားရောက်ဖြေရှင်း
လိုက်ပါ့မယ် "

ဦးမာဂက တောင်းပန်တိုးရှိုးလိုက်ပြီး အမြန်ထွက်ခွာရန်အပြု

"ထားလိုက် ! "

မီးနတ်ဘုရားငယ်က ငြိမ်သက်နေရာမှ ဦးမာဂကိုတားမြစ်လိုက်ပြီး နဂိုတည်ကြည်သော မျက်နှာထားက ပိုမို၍လေးနက်လာခဲ့သည်။တစ်ပြိုင်နက်ပင် မီးနတ်ဘုရား၏ ကိုယ်ခန္ဓာသည် မီးစွမ်အားများဖြင့်ရစ်သိုင်းလျက် ၀န်းကျင်တစ်ခွင် ပျံ့နှံ့လာခဲ့ပြီး ၎င်း၏ လှပကာစူးရှသည့် သိမ်းငှက်မျက်သားတို့သည်ပင် အနီရောင်သို့ပြောင်းလဲစပြုလာခဲ့သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now