ဒါပေမယ့် အဲဒါကို အချစ်လို့ခေါ်သင့်သလား....။ ကြားဖူးတာတော့ ဆယ်ကျော်သက်အရွယ်ဟာ ကိုယ့်အရှေ့ သစ်ပင်ပေါ်ကသစ်ရွက်လေးကြွေကျသွားတာကိုမြင်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တဲ့...။
ဒါဆို.... အခု ကိုယ်ခံစားနေရတဲ့ခံစားချက်ကကော...? အင်း.... အဲဒီ့လို လူတွေပြောနေကြသလိုမျိုး စိတ်လှုပ်ရှားသွားတာပဲဖြစ်မှာပါလေ...။ မြင်မြင်ချင်းအချစ်တော့မဖြစ်တန်ကောင်းပါရဲ့...။
ကိုယ်ပေါ်ရှိ Yeontan အား ထွေးကာပွေ့လိုက်ရင်း အတွေးတွေထဲနစ်မျောနေမိသည်....။ သေချာတာကတော့ ထိုနေ့ကစပြီး ကိုယ့်ခေါင်းထဲကအတွေးတွေထဲ သူက တစ်စတစ်စနေရာယူလို့လာလေတော့သည်...။
*****
နောက်တစ်ပတ်ကစပြီး ကျောင်းစဖွင့်ပြီဖြစ်လို့ ကျောင်းတက်ရန်လိုအပ်တာတွေပြင်ဆင်ရင်း ကိုယ့်မှာမအားပေ...။ ဒါပေမယ့် အလုပ်တစ်ခုလုပ်ဖို့ကိုတော့ အမြဲတမ်းမမေ့...။ အဲဒါကတော့ သတိရတိုင်း ကိုယ့်အခန်းရှိပြတင်းပေါက်ကနေ အပြင်ကလမ်းမပေါ်ချောင်းကြည့်ရသည့်အလုပ်ပင်....။
ကိုယ်တို့အနားမှာ ကိုယ်တို့နေတဲ့ရပ်ကွက်အပါအဝင် ရပ်ကွက်သုံးခုရှိပြီး ထိုလမ်းမကြီးက ရပ်ကွက်သုံးခုလုံးကိုဆက်ထားသည့် အဓိကလမ်းမကြီးဖြစ်သည်...။ ရပ်ကွက်တွေထဲကလူတွေအကုန်လုံး bus ကားဂိတ်ကိုသွားချင်ရင်ပဲဖြစ်ဖြစ်၊ လမ်းထိပ်က mini mart ကိုသွားချင်ရင်ပဲဖြစ်ဖြစ် ထိုလမ်းမကြီးကနေပဲသွားကြသည်...။
ပြီးတော့ ကံကောင်းတာက နှစ်ထပ်မှာရှိတဲ့ကိုယ့်အခန်းပြတင်းပေါက်ကနေ ထိုလမ်းမကြီးကိုလှမ်းမြင်ရခြင်းပင်...။
ထို့ကြောင့် ဒီတစ်ပတ်အတွင်း သတိရတိုင်း၊ အားတဲ့အချိန်တိုင်း ပြတင်းပေါက်ကနေတစ်ဆင့် လမ်းမကြီးဆီလှမ်းလှမ်းမျှော်ရသည်က ကိုယ့်ရဲ့အလုပ်တစ်လုပ်ဖြစ်လို့လာသည်....။ သူများ ထိုလမ်းကနေ ဖြတ်သွားလေမလားဆိုတဲ့အသိဖြင့်....။
ဒါပေမယ့် မတိုက်ဆိုင်တာပဲလား၊ ကံကြမ္မာကပဲမျက်နှာသာမပေးတာပဲလား...။ ကိုယ်လှမ်းမျှော်ကြည့်တဲ့အချိန်တိုင်း သူ့အရိပ်အယောင်ကိုတစ်စက်ကလေးမှပင်မတွေ့ရ...။ တစ်ရက်ပြီးတစ်ရက် ထူးမခြားနားဖြစ်နေသည့်အခြေအနေကြောင့် ကိုယ့်မှာစိတ်ဓာတ်ပင်ကျလာရသည်...။
Episode-2
Start from the beginning