EPISODE 26

3.8K 361 11
                                    

Unicode

မိဖုရားမယ်မယ်ရဲ့ဒေါသကအတိုင်းအဆမရှိသလို ဖြစ်ပျက်နေတဲ့အနေအထားမှာလည်း သူဟာ သျှင်စံ့အပေါ်မှာ ကျူးလွန်ခဲ့တာမို့ နေနတ်ဘုရားတစ်ယောက် ရှက်ရွံ့သွားရကာ ဘာမှမတုံ့ပြန်နိုင်ပဲဖြစ်နေရ၏။

"ကောင်းပြီ၊ မင်းကဒီမှာ ကြင်ယာတော်အတွက်ပြသနာလာရှာနေပြီဆိုမှတော့ ငါ့ရဲ့သားတော်အတွက် တရားမျှတမှုကိုရော ငါဘယ်လိုဖြေသိမ့်ရမှာလဲ "

မိဖုရားမယ်မယ်က ထပ်မံမေးလာ၏။

"ဒီနတ်ဘုရားက သျှင်စံကို သိပ်မကြာခင်ရက်ပိုင်းမှာပဲ အရှင်နဲ့အရှင်မဆီမှာ အဆင့်မြင့်ကြင်ယာတော်အဖြစ်လာရောက်တောင်းရမ်းပါ့မယ်"

နေနတ်ဘုရားကပြောရင်းနဲ့မိဖုရားမယ်မယ်ဘေးနားမှာ ခစားနေတဲ့ ရူရူ့ကိုကြည့်လိုက်၏။သူလက်သီးပင်တင်းတင်းကျပ်ကျပ်ဆုပ်မိသွားသည်။

"ဒါပေမယ့် ကျွန်ုပ်ရဲ့ ကြင်ယာတော်အတွက် ဖြေရှင်းချက်လိုချင်ပါတယ်။ဒါက အုပ်ချုပ်သူအရှင်ရဲပသဘောထားအပြင် ကာယကံရှင်ရဲ့သဘောထားကရော..."

ရူရူကခေါင်းကိုငုံ့လိုက်ပြီးမျက်လွှာချလိုက်သည်။
ဘာတစ်ခုမှဆိုမလာ။

"ရူရူ့ရဲ့သဘောထားက ကျွန်ုပ်ရဲ့သဘောထားနဲ့အတူတူဖြစ်သလို သင်ကအလိုမရှိဘဲပစ်ပယ်ထားချိန်မှာ ကျွန်ုပ်ကအခု ပြိုင်ဘက်မရှိ မဟေသီအဖြစ်တင်မြှောက်လိုက်ပြီ။နေနတ်ဘုရားအနေနဲ့ နောင်တကင်းစွာ နဲ့ မေ့ပျောက်နိုင်ဖို့မျှော်လင့်ပါတယ်။ အခုအချိန်မှာ သင့်ရဲ့ ကြင်ယာတော်ဆိုတဲ့ဖြစ်တည်မှာဟာပျောက်ကွယ်နေပါပြီ "

မီးနတ်ဘုရားက ဆက်တိုက်ပြောပြီးတဲ့နောက် နေရာမှရွေ့ကာ ရူရူ့အနားသို့ကပ်ပြီး ရူရူ့လက်ကိုဆုပ်ကိုင်လိုက်သည်။ သူဒီလူသားလေးကိုပိုင်ဆိုင်ဖိုပလောကငရဲလို့တင်စားအပ်တဲ့ကျင့်စဉ်ကို အသက်နဲ့ရင်းပြီးကျင့်ခဲ့တာ။သူများတကာ ဒီကျင့်စဉ်ကိုရဖို့ နှစ်ပေါင်းထောင်ချီပေးဆပ်ရချိန်မှာ သူကအချိန်အနည်းငယ်နဲ့ရသွားတာကတစ်ကယ်တော့ မရိုးရှင်းခဲ့တာ သူပဲသိလိမ့်မည်။ပေးဆပ်ခဲ့ရတာက မတန်တဆဖြစ်ပေမယ့် အခုအချိန်မှာ ရူရူ့ကိုဘေးနားမှာထားပြီး လက်ကိုတင်းတင်းဆုပ်ကိုင်နိုင်ပြီမို့ သူပင်ပန်းတယ်လို့မထင်။ သူနဲ့ အတွေ့နောက်ကျလို့ တစ်ပါးသူနဲ့အရင်လက်ထပ်ခဲ့ရပေမယ့် သူနေသာပါတယ်။ဘာကြောင့်လဲမေးကြပါရင်တော့ မီးနတ်ဘုရားသူ့မှာ အဖြေတစ်ခုသာရှိ၏။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now