Chp 256-260 (Unicode)

Start from the beginning
                                    

ဖုန်းထဲရှိ စုယာယာ၏အသံလေးသည် လွန်စွာချိုသာ ၍နားထောင်ကောင်းလှ၏။ သူမသည် သူ့ကို ညစာစားဖို့ စောင့်နေကြောင်းပြောသည်။ ဖုန်းထဲမှ သူမ၏အသံချိုချို လေးကို ကြားလိုက်ရသည့်အခါ သူမဟာ နည်းနည်း တော့ စိတ်မကောင်းနေဟန် ပေါက်နေပြီး ချန်ရှုံ့ချီ၏ နှလုံးသားလေးမှာ ချက်ချင်းနူးညံ့သွားရသည်။ ရုတ်တ ရက် အသိဝင်လာပြီး သူ့ဖာသာတွေးလိုက်မိ၏။ သူ ဘာ တွေများ လုပ်နေတာတုန်း?

စုယာယာသည် ညစာစားဖို့စောင့်နေမယ်လို့ ကတိ ပေးခဲ့ပေမယ့် ချန်ရှုံ့ချီကတော့ စိတ်မသက်မသာ ခံစား နေရတုန်းပါပဲ။ မသိစိတ်အရ မတ်တပ်ထရပ်ကာ အပြင် ထွက်တော့မည်အချိန်မှာ နောက်ဘက်ဆီက အန်ယွီထုန် ၏အော်ငိုသံက ထွက်ပေါ်လာ၏။ သူ့ကို တောင်းပန်နေ သည်။

"ရှုံ့ချီ , မသွားပါနဲ့.. ငါနင့်ကို တောင်းဆိုပါတယ်.. နေ ပေးပါ.. မသွားပါနဲ့"

ချန်ရှုံ့ချီ၏ခြေလှမ်းတို့ ရပ်သွားပြီး ပြန်လှည့်လာ၍ အန်ယွီထုန်ကို မျက်မှောင်ကြုတ်ကာ ကြည့်ပြီးနောက် သူက ပြော၏။

"ငါ မင်းရဲ့မိသားစုကို ခေါ်ထားပြီးပြီ.. ခဏနေရင် မင်းကို ဂရုစိုက်ပေးဖို့ သူတို့ရောက်လာကြလိမ့်မယ်... ယာယာက ငါ ပြန်အလာကို အိမ်မှာ မျှော်နေမှာ"

"ငါ သူတို့ကို မလိုချင်ဘူး... ငါနင့်ကိုပဲ လိုချင်တာ.. မသွားပါနဲ့နော်"

အန်ယွီထုန်သည် အလွန်စူးစူးနင့်နင့် ငိုကြွေးနေ၏။

ချန်ရှုံ့ချီသည် သူမကို ကြည့်ကာ သက်ပြင်းအကြီး ကြီး ချပြီးပြောသည်။

"ယွီထုန်, အဲ့လူတွေက ဘာဖြစ်လို့ နင့်ဆီ အရင်ဆုံး ရောက်လာကြတာလဲ? ဘာကြောင့်လဲဆိုတာ နင်လည်း ကောင်းကောင်းသိပါတယ်.. US မှာတုန်းက မင်း ဘာ တွေထဲ ဝင်ပါခဲ့သလဲ? မင်းက သူတို့တွေနဲ့ဘာဖြစ်လို့ ဆက်နွယ်မှုတွေ ရှိနေတာလဲ? မင်းက ဘာဖြစ်လို့ သူတို့ ဆီမှာ ဒီလောက် ပိုက်ဆံတွေအများကြီး အကြွေးတင်နေ ရတာလဲ?"

ချန်ရှုံ့ချီဆီမှ တောက်လျှောက် ထွက်ကျလာသော‌မေးခွန်းများကြောင့် အန်ယွီထုန်၏ခန္ဓာကိုယ်ဟာ တ ဆတ်ဆတ်တုန်ယင်လို့လာပြီး ပြောနေရင်းနဲ့ အသံက ကျယ်လာသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now