EPISODE 27

4.5K 361 15
                                    

Unicode

ယနေ့မနက်စောစောမှာပင် အသစ်စက်စက် မီးနတ်ဘုရားလေးဟာ ခမည်းတော်ဖြစ်သူရဲ့ မနက်ခင်းညီလာခံကို ထိပ်သီးနတ်ဘုရားအဖြစ်နဲ့တက်ရောက်ခွင့်ရသွားခဲ့တာဖြစ်ပြီး စောစောစီးစီး ရူရူ့ကို မနှိုးရက်ဘဲ ထွက်ခွာသွားခဲ့၏။

ရူရူတစ်‌ေယာက် နတ်ဘုရားငယ်ကသူ့နဖူးကိုဖွဖွ လေးနမ်းသွားတာကို သိလိုက်သော်လည်း သူ့မျက်လုံးမဖွင့်ဘဲ အိပ်ပျော်ဟန်သာဆောင်နေခဲ့သည်။
ဤနတ်ဘုရားငယ်၏ အရည်အချင်းနဲ့ ရင့်ကျက်မှုကို သူကဘေးကနေပြီးမြေထောင်မြှောက်ပေးကာ ထိပ်သီး နတ်ဘုရားတစ်ပါးအဖြစ်တွန်းတင်ပေးရမည့်သူမဟုတ်ပါလား။

သိပ်မကြာလိုက်။ရူရူတစ်ယောက် အိပ်ယာမှထကာ နန်းနွယ်နှင့် နန်းမြတို့ကိုခေါ်ကာ ပြင်ဆင်စေလိုက်သည်။ အချိန်အတော်ကြာရပ်နားထားခဲ့သည့် မိဖုရားမယ်မယ်အား မနက်ခင်း နှုတ်ဆက်ခြင်းပွဲသို့သူသွားရမည်လေ။ သိပါသလား။ သူဟာအခုအချိန်မှာ ထိပ်သီးနတ်ဘုရားတစ်ပါး၏ ပြိုင်စံရှားမဟေသီမိဖုရားတစ်ပါးဖြစ်နေပြီ။ ရေမြင့်လျှင်ကြာတင့်သည်တဲ့။ ဖေဖေ့နှုတ်မှ အမြဲပြောလေ့ရှိသည့်စကား။

တစ်ကယ်တော့ ဖေဖေက အနောက်နန်းဆောင်မှာ အရာအားလုံးကိုဖိနှိပ်နိုင်ခဲ့တာက သူတစ်ယောက်တည်းရဲ့ အစွမ်းအစချည်းကြောင့်သာမဟုတ်။ အရာရာကိုဖေဖေ့ကိုယုံကြည်ပုံအပ်ပြီး စွမ်းအားနှင့် အာဏာပြိုင်စံရှားသည့် ခမည်းတော်ကြောင့်လည်းပါသေးသည်။ ခင်ပွန်းသည်၏ ယုံကြည်မှုကိုးစားမှုနှင့် အတူ ဖေဖေက ပြိုင်စံရှားဧကရီတစ်ပါးဖြစ်ခဲ့ရသည်။ သူလား... မီးနတ်ဘုရားငယ်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ကိုးစားမှုဟာလည်း သူ ရူစန္ဒာအဏီရာဆီ၌သာပျော်၀င်သည်မို့ ရှေ့ဆက်ပြီး ဖေဖေ့ခြေရာနင်းဖို့သာလိုတော့သည်လေ။

"ပြီးပါပြီ...မဟေသီဘုရား "

နန်းနွယ်က မှန်ထဲက ဖြူနုကာ ထိရက်စရာမရှိအောင်လှနေသည့် ရူရူ့ မျက်နှာလေးကို ကြည့်ကာပြောပြီး လက်ထဲက ငွေရောင်ဆံထိုးလေးတွေကိုဘေးနားချထားလိုက်သည်။

နန်းနွယ်က မဟေသီဘုရားကို ဆံပင်အချို့ကိုစုထုံးပြီးအချို့ကို ပခုံးနောက်ဘက်၌ချထားပေးလိုက်၏။မီးနတ်ဘုရား မဟေသီတစ်ပါး၏ဂုဏ်ပုဒ်နှင့်ကိုက်ညီစွာ ပတ္တမြားအနီရဲရဲနှင့်ပြုလုပ်ထားသည့်ဆံထိုးကို ထူးခြားနေအောင်ဆင်ယင်ထားစေပြီး ကျောက်စိမ်းတန်ဆာအချို့ကိုပါ ဆံထုံး၌အလှဆင်လိုက်သည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now