"ဟမ် .. သားကို နှိုးတာ အဲ့ဒါကြောင့်လား"

"ဟာကွာ .. သူများ သွားချင်မလားလို့ နှိုးတာ"

"သူများ သွားချင်မလား" ဆိုတဲ့သူ့အသံက သူမသွားရလို့ စိတ်အလိုမကျတဲ့အသံ။

"အော် .. ဂျေရာ .. ဘာများလဲလို့ .. သားနိုးမှ သွားလဲရတာပဲကို"

"ခင်ဗျား ဘာသိလို့လဲ .. သူများကလေးတွေ သွားကုန်ကြပြီ .. ဒီကောင်သာ အိပ်နေလို့ နောက်ကျနေတာ"

ကစားကွင်းသွားဖို့ကို ဒီလောက်ထိ အင်တိုက်အားတိုက် တခြားကလေးတွေနဲ့ပါ လိုက်ပြိုင်နေတဲ့သူ့ကြောင့် ထယ်ယောင်းမှာ ရယ်ရခက် ငိုရခက်။

"သားနိုးရင် သွားကြပေါ့ ဒီလိုဆိုလဲ .. နှိုးတော့မနှိုးနဲ့နော် .. ကလေးက အရမ်းအိပ်ပျော်နေတာ"

"ဘယ်သူက နှိုးနေလို့လဲ"

"အင်းပါ .. နှိုးမှာစိုးလို့"

စူပုပ်ပုပ်နှင့် သူ့ကို သားနဲ့ထားခဲ့ပြီး အခန်းထဲက ထွက်ခဲ့လိုက်သည်။

ဂျေနဲ့နေရတာ တကယ်ကို ပျင်းရသည်တော့ မရှိရ။ အမြဲဂျစ်တိုက်လိုက် ချွဲလိုက် စိတ်ကောက်လိုက်။

တစ်ခါတစ်လေ သားနှင့်အပြိုင် ထယ်ယောင်းကို လုသေးတာမို့ သားနှစ်ယောက်ရှိသလို အမြဲပဲ ရှင်းလိုက်ရသေးတဲ့ ပြဿနာတွေ။

သို့ပေမယ့် ဒီလိုသာ ဆိုးလို့ရလို့ ဆိုးနေတာ .. ထယ်ယောင်းမျက်နှာတည်သွားရင် သူ့မှာ နေလို့မရတော့။

အခုလည်း သားအတွက် အသီးလေးတွေ ကျွေးဖို့ ပြင်ဆင်တော့ မီးဖိုထဲထိ သူ ပါလာသည်။

"ဂိမ်းစက်ကြီးတွေ အများကြီး ပါပါတယ်ဆို"

သူ ဘာကို အလိုမကျနေလဲ ထယ်ယောင်း သိတာပေါ့ .. ဒီထိကို ပွစိစိ လိုက်ပြောနေတာ။

"ကဲ .. ဂျေရယ် .. မင်းသွားချင်ရင် သွားလေ"

"ဟား .. ဘယ်သူက သွားချင်တယ်ပြောနေလို့လဲ"

"အခုပဲ မင်းအဲ့ဒီကို သွားချင်လို့ ပြောနေတာ မဟုတ်ဘူးလား"

"သွားချင်စရာလား .. ကလေးမှ မဟုတ်တာ"

"အဲ့ဒါဆို ဘာလို့ပွစိပွစိ လာလုပ်နေတာလဲ .. အဘိုးကြီး ကျနေတာပဲ ဘေးမှာလာပြီး"

CREATOR OF JWhere stories live. Discover now