ဤသို့နှင့် hyung နှင့်သူ ခါတိုင်းလို အေးစက်စက်အနေအထားကိုပဲ ပြန်လည် ရောက်ရှိခဲ့ရလေသည်။
__________________________________
ဂျောင်ဝန်း စုတ်တံကို မကိုင်ဖြစ်တာ ရက်ပိုင်းမျှကြာခဲ့ပြီဖြစ်၏။
ယနေ့တွင်မူ ဆေးများအနည်းငယ် ပေကျံနေသည့် apron ကို ဝတ်ကာ ခါးတွင်စည်းနေရင်းမှ ရုတ်တရက် ဤပန်းချီခန်းက အနည်းငယ်ခြောက်ခြားဖွယ်ကောင်းသကဲ့သို့ ခံစားလိုက်ရသည်။
သူဒီလို ခံစားချက်မျိုး မရခဲ့တာ အတော်ကို ကြာခဲ့ပြီပဲ။
ပန်းချီကားများမှလွဲ၍ အရာအားလုံးရှင်းလင်းနေသော ပန်းချီခန်း၏ ကြမ်းပြင်တစ်နေရာတွင် ခင်းထားသည့် carpet ကိုသာ သူအချိန်အတော်ကြာ စိုက်ကြည့်နေမိခဲ့၏။
ထို့နောက် မည်သည့်ဆေးစက်မှ မတင်ရသေးသော ဖြူလွလွ canvas ရှေ့တွင် ဝင်ထိုင်ကာ ရေစိမ်ထားသော စုတ်တံတစ်ချောင်းကို ကိုင်လိုက်သည်။
သူ pallette ပေါ်တွင် တင်ထားသော အရောင်တို့က အနီ အဝါနှင့် အနက်တို့ဖြစ်ပြီး သူမနှစ်သက်ဆုံး အရောင်များလည်းဖြစ်၏။
ထို့ပြင် မနှစ်သက်သော ပန်းချီကားများကိုလည်း သူ့လက်က ရေးဆွဲရန် အစပြုနေမိဆဲပင်။
နာရီအတော်ကြာ ဂျောင်ဝန်းဟာ ပန်းချီကားကို ရေးဆွဲရင်း အကြည့်များက အနည်းငယ် အသက်မဲ့လေးလံနေခဲ့လေသည်။
________________________________
ည 9 နာရီခန့်လောက်တွင် ဂျောင်ဝန်း ဆာလောင်မှုကို မထိန်းနိုင်တော့တာမို့ ခေါက်ဆွဲပြုတ်တစ်ထုပ်ကို အရင်ပြုတ်ကာ စားနှင့်လိုက်၏။
တစ်နေကုန် ညနေထိ သူပန်းချီခန်းထဲမှာသာ အချိန်ကုန်ခဲ့တာမို့ လူက ညောင်းကိုက်လေးလံနေကာ တက်တက်ကြွကြွမရှိ။
ထို့ပြင် အနည်းငယ် ရောင်ရမ်းနေဆဲဖြစ်သော ပါးတစ်ဖက်နှင့် ဆက်စပ်ကာ ခေါင်းကလည်းအနည်းငယ် ကိုက်ချင်နေသလိုပင်။
ဂျောင်ဝန်း အသင့်စား ခေါက်ဆွဲပြုတ်တစ်ပွဲကို ခပ်ဖြည်းဖြည်းဝါးကာ ဆာလောင်မှုကို အလွယ်တကူဖြေဖျောက်လိုက်ပြီးနောက် freezer ထဲမှ သူပြင်ထားသော ရေထဲထုတ်ကို ယူ၍ ပါးပြင်ထက်တွင် ကပ်ထားလိုက်သည်။