Part - 1

757 54 7
                                    


"အားလုံးကိုကျွန်မတို့ရဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုပါတယ်ရှင့် ဒီတစ်ပတ်မှာတော့ ပရိသတ်ကြီးတို့သိပ်ကိုစိတ်ဝင်စားနေကြတဲ့အနုပညာရှင်တစ်ယောက်ဟာဆိုရင်တော့ဖြင့် မေးခွန်းတွေကိုဖြေကြားဖို့အဆင်သင့်ဖြစ်နေလောက်ပါပြီ ကဲ အားလုံးဘယ်သူများဖြစ်မလဲနော် "

စတိတ်သည် Liveလည်းဖြစ်ကာ ပရိသတ်အနည်းငယ်ကိုပါလာရောက်ရန်ပြင်ဆင်ထားသည်မို့ အခြားသောshowများနှင့်မတူကာ လူပိုစိတ်ဝင်စားသည်မှာလည်းအမှန်ပင်

" UT entertainment ကနေပွဲဦးထွက်ထားပြီး တစ်ရှိန်ထိုးကိုအောင်မြင်လာခဲ့ပြီး သိပ်ကိုလှပလွန်းတဲ့visualကြောင့်လည်းပရိသတ်ကြားလူစိတ်ဝင်စားရတဲ့ Artist ယွန်း
ဂျောင်
ဟန်ပဲဖြစ်ပါတယ်"

*ဖြောင်း ဖြောင်း ဖြောင်း
ယွန်းဂျောင်ဟန်ဆိုတဲ့အသံကြားသည်နှင့်အသံတို့သည်လက်ခုပ်သံများနှင့်ပြည့်နှက်သွားတော့သည်
ဂျောင်ဟန်သည် style pantအနက်နဲ့အဖြူရောင် shirt ကိုတွဲထားကာ ဂုတ်ထောက်ကျော်နေသော ဆံပင်ရှည်ရှည်တို့ကြောင့်လည်းပို၍ပင်ထင်းထွက်နေသည်
သို့သော်လည်းအပြုံးတို့ကတော့ခပ်ဖျော့ဖျော့သာ

ဂျောင်ဟန်သည် ခုံမှာထိုင်လိုက်သည်နှင့်
"ယွန်းဂျောင်ဟန်က ထင်ထားတာထက်ကိုအပြင်မှာတော်တော်လေး ချောတာပဲရှင့်"

ဂျောင်ဟန်သည်လက်လေးအသာကာပြကာကျေးဇူးတင်ပါတယ်လို့သာတုန့်ပြန်လိုက်သည် ။ တကယ်လည်းယွန်းဂျောင်ဟန်ဆိုသည်မှာ ထိုကဲ့သို့သော ဂုဏ်ပုဒ်များနှင့်မှတ်ချက်ပေးခံရသော Artist တစ်ယောက်သာဖြစ်၏

"ဒါဆိုရင်တော့ကျွန်မတို့မေးခွန်းတွေစမေးပါတော့မယ်နော် ဂျောင်ဟန်ရဲ့ Albumအသစ်က Dear you ဆိုတဲ့သီချင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော်တော်လေးစိတ်ဝင်စားနေကြတယ် တစ်စုံတစ်ယောက်ကိုနက်နက်နဲနဲသဘောကျပုံရတယ်ဆိုပြီး "

" ဟုတ်ကဲ့ ဒီသီချင်းကကျွန်တော်မြတ်နိုးတဲ့
တစ်စုံတစ်ယောက်ရဲ့မွေးနေ့အတွက်ကတိပေးထားတဲ့လက်ဆောင်ပါ "

"ဝိုးး"
ပရိသတ်များထံမှအံ့ဩသံများလည်းထွက်လာကာ
ဂျောင်ဟန်သည်အမျိုးသမီး၏ဦးတည်ချက်ကိုလည်းရှောင်တိမ်းကဖြေဆိုလိုက်သည်
ရှည်ရှည်ဝေးဝေး‌လည်းမဖြေချင်ပါ ဒီလို Media မျိုးတွေသူကြုံဖူးပါသည်
သိပြီးသားအကြောင်းအရာများကိုပို၍အတွင်းကျကျနှိုက်ထုတ်ချင်သဖြင့် မလိုအပ်သည့်စကားများဖြင့်အစပျိုးနေခြင်း
နောက်ကြောင်းသိပ်ဖော်ချင်ကြတဲ့အဖွဲ့ပေါ့

Evangeline [ Completed ]Where stories live. Discover now