EPISODE 29

2.9K 288 4
                                    

Unicode

"မဟုတ်ရကြောင်းပါ မီးအရှင်ကိုဘယ့်နှယ်ကြောင့် ကျွန်တော်တို့ကရှောင်ရမလဲ။ ဒီအတိုင်း ကျွန်တော်တို့ရဲ့ မိဖုရားတွေနဲ့ ဗိမ္မာန်တော်အရေးကိစ္စဆွေးနွေးဖို့အကြောင်းရှိတာနဲ့..."

‌လနတ်ဘုရားက စကားကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအောင်ပြောဆိုသုံးနှုန်းလိုက်၏။တစ်ကယ်တော့ သူဤနေရာက အမြန်ထွက်သွားချင်နေပြီးပြသနာကို ထပ်ဆင့်တက်အောင်ရှာလိုတဲ့ မိဖုရားကို အပြစ်တင်ချင်မိနေသည်။ သူသိတာပေါ့ သူ့မိဖုရားရဲ့ ပါးနုနုပေါ်က လက်ဖုဝါးရာနီနီရဲရဲကဘယ်ကလာသလဲဆိုတာကို။ သိရမှာက ဒီကိစ္စကို မီးနတ်ဘုရားသာ သိသွားခဲ့ရင်လား....

အကျိုးဆက်ကမတွေးရဲလောက်အောင်ပင်။
ဤမီးနတ်ဘုရားက ထိပ်သီးနတ်ဘုရားစဖြစ်လာကတည်းက မယားကိုဘုရားလိုဖူးပြီး ဖူးဖူးမှုတ်မယ့် ထိပ်သီးနတ်ဘုရားမှန်းသိနေကြပြီးသားပင်။ နေနတ်ဘုရားကဲ့သို့ အခြေအနေအချိန်အခါကိုကြည့်ပြီး သူတို့ကိုလည်းအား‌နာနေမည့်သူမဟုတ်။ တစ်ခွန်းတည်းပြောရရင်တော့ အချစ်မှာပျော်၀င်ပြီး မိုက်ကန်းတဲ့ အစွမ်းထက်တဲ့နတ်ဘုရားပေါက်စတစ်ပါးပင်။

"ဟုတ်ပါတယ်၊ဟုတ်ပါတယ်။ ကျွန်ုပ်တို့ကို ခွင့်ပြုပါဦး မီးနတ်အရှင်က "

ကြယ်နတ်ဘုရားကပါ ထောက်ခံရင်း သူ့မိဖုရားလက်ကိုစွဲကိုင်ကာ သတ်ကွင်းနံ့ရနေသည့် ဤနေရာမှ အမြန်ရှောင်တိမ်းဖို့လုပ်လိုက်သည်။သူဟာ နတ်ဘုရားတစ်ပါးဖြစ်ပေမယ့် ဂြိုလ်စုနတ်ဘုရားတစ်ပါးသာ။ လနတ်ဘုရားလို လကိုအပိုင်စားရတဲ့ အဆင့်မြင့်နတ်ဘုရားလည်းဟုတ်မနေ။ ဒြပ်စင်နတ်ဘုရားဖြစ်တဲ့ မီးနတ်ဘုရားကိုယှဉ်ပြိုင်ဖို့ကတော့ ဝေးလေစွ။

"ကောင်းပြီ၊ကောင်းပြီ။ သွားကြပါ "

မီးနတ်အရှင်က ခွင့်ပြုဖို့လုပ်လိုက်ပြီးမှ

"အိုး ဒီကခယ်မလေးရဲ့ ပါးကဒဏ်ရာကဘယ်လိုလုပ်ပြီးများ..."

စိုးရိမ်နေဟန် မီးနတ်ဘုရားရဲ့ အပြုအမူကြောင့် လနတ်ဘုရားရဲ့မိဖုရားဟာ အားတက်သွားပြီး

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now