💜2💜

1.7K 266 239
                                    

တစ်နေ့တာကိုပင်ပင်ပန်းပန်းကျောင်းတက်ရင်း
အလုပ်လုပ်ရင်းနဲ့ကုန်ဆုံးရတဲ့ဂျောင်ကုက
ငှားထားတဲ့တိုက်ခန်းဆီပြန်လာအနားယူတော့လဲ
အေးဆေးအနားမယူရဘဲ နေ့ကသင်ခဲ့တဲ့စာတွေပြန်ကြည့်ရပြန်ရော~

"တော်သေးတာပေါ့ စာတွေကမခက်ခဲလို့~"

စာတွေလုပ်ပြီးလို့အနားယူအိပ်စက်ဖို့လုပ်ချိန်မှာ
ထယ်ယောင်းပေးခဲ့တဲ့နို့ချဥ်ဘူးလေးကိုမြင်တော့
ပြုံးရင်းလှန်းယူလိုက်တဲ့ဂျောင်ကု~

"မြင်ဖူးတာတောင်မကြာသေးတဲ့လူကိုသဘောကျမိနေတယ်?~~စီနီယာထယ်ယောင်းက လူတိုင်းသဘောကျနိုင်တဲ့လူတစ်ယောက်ဘဲလေ~"

"............."

"ငါ့အတွက်အခွင့်ရေးတောင်ရှိပါ့မလား
သေချာပေါက်မရှိဘူးပေါ့~"

ထယ်ယောင်းအကြောင်းတွေးရင်းအိပ်ပျော်သွားတဲ့ဂျောင်ကုက အိပ်မက်ထဲမှာပါထယ်ယောင်းကိုမြင်မက်ကာ
မနက်လေးနာရီထ အချိန်ပိုင်းအလုပ်တစ်မျိုးဆီသွားရတယ်။

"စားပွဲတွေအရင်သုတ်ပေးပါ~"

"ဟုတ်ကဲ့ သူဌေး~"

*ပင်ပန်းဘေမဲ့ကြိုးစားရအောင်ဂျောင်ကု~*

ကိုယ့်ကိုယ်ကိုယ်အားပေးရင်းအလုပ်ကြိုးစားတဲ့ဂျောင်ကုက
ခေါက်ဆွဲဆိုင်မှာမနက်ပိုင်းအချိန်ပိုင်းဝင်လုပ်ပြီး
ကိုးနာရီဆိုကျောင်းအမှီသွားရပြန်ပြီ~

"နောက်မကျသေးဘူး တော်သေးတယ် ဟူးး~"

"ဟေ့ မင်းကအခုမှပထမနှစ်လား~"

"ဟုတ်ပါတယ်~"

"အစ်ကိုက ကွန်ပျူတာနည်းပညာမေဂျာဒုတိယနှစ်ကလေ~"

မသိတဲ့လူတစ်ယောက်ကနှုတ်ဆက်လာလို့
သူငယ်ချင်းရချင်သူဂျောင်ကုကပျော်နေဘေမဲ့
မေးတာကိုဖြေတာကလွဲပြီးဘာမှမပြောတတ်~

"အာ..ဟုတ် တွေ့ရတာဝမ်းသာပါတယ်
ကျွန်တော်ကသရုပ်ဆောင်မေဂျာကပါ~"

"ဟုတ်လား မိုက်တယ်ရုပ်လေးနဲ့လိုက်တယ်~"

"ကျေးဇူးပါ~"

"မလိုပါဘူး ဟိုလေလိင်တူတွေကိုမမုန်းဘူးမဟုတ်လား~"

"ဘာဖြစ်လို့လဲ~"

~~Mask~~{Complete}Hikayelerin yaşadığı yer. Şimdi keşfedin