EPISODE 31

4K 340 16
                                    

Unicode

"မိဖုရား မင်းသျှင်စံကိုငြင်းလွှတ်လိုက်တယ်ဟုတ်လား "

"ဟုတ်ပါတယ် မယ်မယ်၊ ကြည့်ရတာသခင်ကြီးစိတ်အခြေအနေမကောင်းတဲ့ပုံပါပဲ "

မိုးမှိုင်းကြင်ယာတော်တစ်ဖြစ်လဲ မဏိစုသီက  ခေါင်းတဆတ်ဆတ်ညိတ်ရင်းပြုံးလိုက်သည်။

ကောင်းတယ်...ကောင်းတယ်။ တစ်ကယ်ကဒီထက်တောင်ပိုပြီးဖြစ်သင့်တာ။ နည်းတောင်နည်းသေးတယ်ပြောရမှာ !

သူ့အဆင့်ကမိုးမှိုင်းကြင်ယာတော်တဲ့လေ။ သူဟာဘယ်ကနေပဲရောက်လာပါစေ ဟိုလူသားကြင်ယာတော်မရှိတော့တဲ့နောက်မှာတော့ သူသာလျှင် တစ်ဦးတည်းသောနဲ့ အမြင့်ဆုံးသော သခင်မဖြစ်သင့်တာကို အခုတော့ ဒင်းက သခင်ကြီးကိုမြှူဆွယ်ရဲပြီး သူ့နေရာကိုလုသွားရဲတယ် !

မိဖုရားကိုပဲ ဒေါသပုံချဖို့ဆုံးဖြတ်နေတုန်းမှာပဲ သခင်ကြီးကအနောက်ဆောင်ထဲကို မိန်းမတွေတစ်ပုံတစ်ပင်ကြီးဆွဲသွင်းလာခဲ့ပြန်သည်။သေချာတာပေါ့ သူတို့ကနတ်ဘုရားမတွေ နတ်ဘုရားအကြီးအကဲတွေရဲ့သမီးတော်တွေဖြစ်နေချိန်မှာ သူကတော့ သာမန်ကြင်ယာတော်တစ်ပါးပဲလေ။ ဘယ်လိုလုပ်ယှဉ်နိုင်နေမှာလဲ။

ကံကောင်းထောက်မစွာနဲ့ သခင်ကြီးက သူမရဲ့သီချင်းနဲ့ စောင်းကောက်တီးခတ်မှုအပေါ် စိတ်၀င်စားမှုက အရင်တုန်းထက်ထူးကဲလာတာမို့ သူမဟာ များပြားလှတဲ့ ကြင်ယာတော်တွေကြားထဲ ခေါင်းမမမော့နိုင်ရင်တောင် ရင်ကော့လာနိုင်ခဲ့တဲ့ သူတစ်ယောက်ပင်။

"မယ်မယ် သခင်ကြီးဆီသွားပြီး စိတ်ဆိုးပြေအောင်များ..."

"ထားလိုက်...ငါတို့၀င်ပါလို့မရဘူး"

မိုးမှိုင်းကြင်ယာတော်ကလက်ကာပြကာ မှန်ထဲမှသူမမျက်နှာလေးကိုကြည့်လိုက်သည်။ပန်းလိုရနံ့ထုံကြိုင်ကာ နူးညံ့သည်။ သူမကလေပြေလိုတိုးဝှေ့နေရင်တောင် ပြေပြစ်နေမှာဖြစ်ပြီး ဒေါသကြီးတဲ့ နေနတ်ဘုရားရဲ့ ဒေါသကိုထိန်းချုပ်နိုင်မှာတဲ့လား ...

လုံး၀မဖြစ်နိုင်သောအရာပင်။

ဆိုကြပါစို့၊ သခင်ကြီးဆီသွားကြပါချည်ရဲ့ ဟိုကစိတ်ဆိုးပြီး နှင်ထုတ်လိုက်ရင်တောင် သူ့အခြေအနေကဘာမှငြင်းခွင့်မရှိဘဲ ထွက်သွားရမည့်နေရာတွင်ရှိနေသည်။

ထိပ်သီးနတ်ဘုရားတစ်ပါး၏အမျိူးသားမဟေသီအဖြစ်တက်လှမ်းခြင်း [COMPLETE]Where stories live. Discover now