"ဘာလဲ ဂျောင်ဟျွန်းဘာဖြစ်တာလဲ"

"ရန် ရန်ဖြစ်တာ ကျောင်းနောက်မှာ ခနနေဦး ဂျီယွန်းဆော"

ယွန်းဆော ဟျောင်းဝန်းစကားကို ဆုံးအောင်တောင် နားမထောင်နိုင် ကန်တင်းကနေ အမြန်ထွက်သွားလေတယ်

"ဆွန်းအွန်း ငါတို့လိုက်သွားသင့်လား"

"ဟင့်အင်း ငါတို့မသွားတာပဲကောင်းမယ် ယွန်းဆော ဖြေရှင်းတတ်ပါတယ်"

ယွန်းဆော ကျောင်းနောက်ကို ပြေးလာတော့ ဂိုထောင်နားမှာ ဒဏ်ရာတွေနဲ့ ထိုင်နေတဲ့ ဂျောင်ဟျွန်းတစ်ယောက်တည်းကိုသာတွေ့တယ်

"မွန်းဂျောင်ဟျွန်း!!"

ဂျောင်ဟျွန်းတစ်ယောက် ယွန်းဆောအသံကြားတော့ လန့်သွားပြီး မတ်တပ်ထရပ်လိုက်တာ ယိုင်သွားလို့ ယွန်းဆောပြေးထိန်းရတယ်

"မင်းရူးနေလား မွန်းဂျောင်ဟျွန်း စာမေးပွဲရက်ကြီးမှာ ရန်ဖြစ်ရလား မင်း"

"ငါတောင်းပန်ပါတယ်"

"မင်းနည်းနည်းဆင်ခြင်စမ်းပါဦး အခြားအချိန်မှာဖြစ်တာငါမပြောလိုပါဘူး အခုက စာမေးပွဲရက်ကြီးလေ ပြီးတော့ဒဏ်ရာတွေကိုကြည့်ပါဦး မဖြစ်ဘူး ငါနဲ့လိုက်ခဲ့"

"ဘယ်ကိုလဲ"

"စောက်စကားတွေအရစ်ရှည်မနေပဲ ငါနဲ့လိုက်ခဲ့"

ယွန်း‌ဆော ဂျောင်ဟျွန်းကို တွဲပြီး ကျောင်းဆေးခန်းကို ခေါ်သွားလိုက်တယ် တော်သေးတာပါ့ ဆေးခန်းထဲဘယ်သူမှရှိမနေလို့ ဆရာဝန်သာရှိနေရင် သေချာပေါက် ရန်ဖြစ်ထားမှန်းသိမှာပဲ

"ထိုင်နေ"

ယွန်းဆော ဂျောင်ဟျွန်းကို ထိုင်ခိုင်းထားပြီး ဆေးထည့်ဖို့အတွက် ဆေးသွားယူတယ် ပြီးတော့ ဆေးထည့်ပေးနေရင်း

"မင်းဘာလို့ရန်ဖြစ်တာလဲ ဂျောင်ဟျွန်း ရန်ဖြစ်တာမကောင်းဘူးလေ"

"ငါဘာလို့ရန်ဖြစ်တာလဲဆိုတာ မင်းသိချင်တာလား"

"မင်းကအကြောင်းအရင်းမရှိပဲ ဒီလို လုပ်မယ့်လူမဟုတ်ဘူးဆိုတာငါသိတယ်လေ အဲ့တာကြောင့်"

"သူတို့ကပြောတယ် ငါကမင်းကို အရူးလိုဖက်တွယ်နေတာတဲ့ မင်းက စက်ရုပ်လူသားကိစ္စကို ငါ့ကိုပြန်ကြိုက်စရာအကြောင်းမရှိဘူးတဲ့"

My Hidden Crush Where stories live. Discover now