ဝမ်ကျားနင်က လက်တစ်ဖက်ကို မေးထောက်ထားလျက် ခပ်စစပြုံးသည်။

“မင်းက စိတ်ထဲမှာ ရည်မှန်းချက်ပန်းတိုင်တစ်ခုကလွဲပြီး ဘာမှ မသိတဲ့ဥစ္စာ..လီရုန်ကတော့ ရွေးချယ်စရာမရှိဘဲ မင်းကိုပဲ ကူညီရတော့မယ် ထင်တယ်”

“မ‌ရယ်နဲ့”

ဝမ်းလင်က ပြောသည်။

“တကယ်တော့ ငါလည်း စိတ်ထဲ အဆင်မပြေပါဘူး၊ တခြားလူတွေ ငါ့အပေါ် သိပ်ကောင်းပေးရင် ကျေးဇူးကြွေးတင်သလို ခံစားရလို့ စိတ်မသက်မသာဖြစ်မိတယ်”

ဝမ်ကျားနင်က မတ်တတ်ထရပ်ကာ ဝမ်းလင်ဆီသို့ လျှောက်သွားရင်း ခေါင်းထိပ်ကို ပွတ်သပ်ပေးလိုက်ပြီး

“ငါ နားလည်ပါတယ်၊ ဒါပေမယ့် မင်း မှားတာ ဘာမှမရှိဘူး..တကယ်လို့ ရှိခဲ့တယ်ဆိုရင်တောင် အမှားတစ်ဝက်လောက်ရဲ့ အရင်းခံက လီရုန်ကြောင့်ပဲ”

ဝမ်းလင်က သူ့ကို နှုတ်ဆိတ်စွာ ကြည့်နေပြီးနောက် အကြည့်လွှဲသွားလေသည်။

ဝမ်ကျားနင် ပြန်သွားချိန်အထိ လီရုန်ကို မမြင်ရသေး။ ကြည့်ရတာ ကျန်းယုံဖေး၏ကိစ္စနှင့်ပတ်သက်ပြီး လီရုန် ဖြေရှင်းစရာတွေ ရှိနေပုံရသည်။

ဝမ်ကျားနင် ဝိန်ထင်းဟွမ်ကို ခေါ်ပြီးနောက် လိန်ရှင်းသို့ သွားလိုက်ကြ၏။

သူ ကျန်းရှဲင်ကို သွားတွေ့လိုက်ပြီး ဝမ်းလင် ထိခိုက်ဒဏ်ရာရသည့်အကြောင်းနှင့် ပတ်သက်၍ နောက်ကွယ်ကလူကို သိရပြီလားဟု မေးကြည့်လိုက်သည်။

ရုံးခန်းထဲမှာ ကျန်းရှဲင်နှင့် ဝမ်ကျားနင်က မျက်နှာချင်းဆိုင် ထိုင်နေခြင်းပင်။ ကျန်းရှဲင်က လက်ထဲမှလုပ်စရာများကို ဘေးဖယ်ထားလိုက်ရင်း

“ဒါက မတော်တဆဖြစ်သွားတာပါ၊ ကြိုးဆွဲစင်ကို မြှင့်ပေးရတဲ့အလုပ်သမားတစ်ယောက်ရဲ့ ပေါ့ဆမှုပဲ၊ ငါတို့ သူ့ကို အလုပ်ဖြုတ်လိုက်ပြီးပြီ၊ စတိတ်စင်စီမံတဲ့ မန်နေဂျာလည်း လျော်ကြေးပေးရလိမ့်မယ်”

“အဲ့လောက် ရိုးရှင်းမယ်လို့ ခင်ဗျား ထင်လို့လား”

ကျန်းရှဲင်က စားပွဲပေါ် လက်တင်ထားလိုက်ပြီး

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now