💜8💜

1.7K 232 179
                                    

ဂျောင်ကုက ထယ်ယောင်းသူ့ဆီလာရင်
အမောပြေအောင်လို့ဆိုပြီး ညနေသုံးနာရီမှာ
ရေချိုး ကာတွန်းကွက်ညအိပ်ဝတ်စုံစိမ်းနုရောင်လေးဝတ်ကာ ထယ်ယောင်းဝယ်ပေးထားတဲ့ရေမွေးစွတ်ထားလေရဲ့~

"ဦးလေးရေ ကျွန်တော်ဇာတ်ညွှန်းဖတ်ချင်လို့
ဇာတ်ညွှန်းစာရွက်တွေဘယ်မှာထားလဲ~"

"ထိုင်နေပါ ယူလာပေးပါ့မယ်~"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်~"

မန်နေဂျာယူလာပေးတဲ့ဇာတ်ညွှန်းစာရွက်ကို
အိမ်ရှေ့ခန်းsofaပေါ်ထိုင်ဖတ်နေတဲ့ဂျောင်ကုက
ဖြူဖြူအုအုလေးနဲ့ချစ်စရာအတိ~

"ဦးလေး ဒီcharacterကလေ တည်ငြိမ်အေးဆေးဘေမဲ့
သူ့ကောင်မလေးကိုတော့အရမ်းချစ်ပြီး အရမ်းအလိုလိုက်တဲ့ပုံစံဆိုတော့ ကောင်မလေးကိုချစ်ပြတဲ့အခါမှာအေးဆေးတာကပါရမှာလား~"

"အဲ့လိုမဟုတ်ဘူးလေ မင်းသားကတစ်ယောက်တည်း
ဒါမှမဟုတ် သူများတွေနဲ့ရှိနေရင် တည်ငြိမ်ဘေမဲ့
မင်းသမီးနဲ့ဆို activeဖြစ်ပြီး အချစ်တွေနဲ့ပြည့်နက်နေရမှာ~"

"အဲ့လိုကိုး~"

"မနက်ဖြန်မနက်8နာရီ ဇာတ်လမ်းဖတ်ဖို့သွားရမယ်နော်
မင်းသမီးတွေ အရံတွေနဲ့လဲမိတ်ဆက်ရမယ်~"

"ဟုတ်ကဲ့~"

ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပထမဆုံးသရုပ်ဆောင်ရမှာဆိုတော့ စိတ်လှုပ်ရှားနေတဲ့ဂျောင်ကုက
ထယ်ယောင်းကိုစိတ်မပျက်စေရဘူးဆိုတဲ့အတွေးကအမြဲရှိတယ်။

"ညနေစာပြင်ထားပြီ လာစားတော့ဂျောင်ကု~"

"ညနေခြောက်နာရီတောင်ထိုးနေပြီ ကိုကိုကမလာသေးဘူး~"

"သူ့စိတ်ပေါက်တဲ့အချိန်လာမှာပေါ့ ညနေစာစားရအောင်နော်
မစားဘဲနေလို့မရဘူး~"

"တစ်ယောက်တည်းမစားချင်ဘူး ဦးလေးလဲအတူတူစား~"

"အဲ့လိုတော့မဖြစ်ဘူးလေ~"

"မရဘူးကွာ ဦးလေးမစားရင် ကျွန်တော်လဲမစားဘူး~"

"ဟုတ်ပြီအတူတူစားမယ် လာ~"

သူ့သားအရွယ်သာသာဘဲရှိသေးတဲ့ဂျောင်ကုကို
မန်နေဂျာဦးလေးကြီးက စိတ်ရင်းနဲ့
ကြင်ကြင်နာနာဆက်ဆံပေးတော့ ဂျောင်ကုကလဲနွှဲဆိုးလေးဆိုးသေးတာ~

~~Mask~~{Complete}Where stories live. Discover now