" ဟယ်တော်...ဒါ အိမ်ရှေ့စံဘေးမှာ စောင့်ရှေက်ပေးနေရတဲ့ ကိုယ်ရံတော်ကြီးတဲ့လားနော်..
သူ့ကိုယ်သူ ကလေးလို့များမှတ်နေလားမသိဘူး.."

" ကိုယ်ရံတော်ဖြစ်တော့ရော ဘာဖြစ်လဲ...
ကိုယ့်အဖိုးကိုယ်ချွဲတာပဲ နော်အဖိုး..."

အဖိုးက သူ့ခေါင်းလေးကိုပွတ်သပ်ပေးနေပြီး ပြုံးပြုံးကြီးကြည့်နေတော့သည်။

" အဖိုးက နင့်ကို ငါ့လောက်မချစ်တော့ဘူး...
ငါကသာ အဖိုးအနားမှာအမြဲနေပြီး အဖိုးရဲ့ဆေးပညာတွေကို သင်ယူနေတဲ့သူလေ အဖိုးနော်..."

" ယဒန်း နင်နော် ငါ့အဖိုးကိုများလာလုနေတယ် မပေးဘူး..."

အဖိုးရောယဒန်းရော ကလေးဆိုးကြီးလိုချွဲနေသည့် ကိုယ်ရံတော်ကြီးကိုကြည့်ကာ ရယ်နေကြတော့သည်။

                      🏹 🏹 🏹

အိမ်ရှေ့စံတစ်ယောက် ကိုယ်ရံတော်ကင်မ်ကိုပြန်လွှတ်လိုက်ပြီးနောက် သူလည်းတောကစားမထွက်ဖြစ်ခဲ့တော့ချေ။
ကိုယ်ရံတော်ကင်မ်ဟာ ငယ်ငယ်လေးကတည်းကနေ အခုအချိန်ထိ သူ့အပါးတော်မှာအမြဲရှိနေသည့်အတွက်ကြောင့် အခုအနားမှာမရှိတော့လည်း ဟာတာတာဖြစ်နေတော့သည်။ သူတခြားသူတွေကိုခေါ်ပြီးခိုင်းစေရတာ စိတ်တိုင်းမကျချေ။
အမြဲသူ့အလိုကို အလိုက်တသိဖြစ်မနေခဲ့ချေ။
တစ်ခါကနေနှစ်ခါ ပြန်ပြန်ခိုင်းနေရတော့သည်။ ဒီအတိုင်းသာဆိုလျင် သူ ကိုယ်ရံတော်ကင်မ်ကိုသာ အခေါ်တော်လွှတ်လိုက်ရမည့်သဘောမှာရှိသည်။ အခုချက်ချင်း အခေါ်လွှတ်ရအောင်လည်း တစ်ရက်တောင်မှမပြည့်သေးချေ။ သူကိုယ်တိုင် ခွင့်ပေးခဲ့တာဖြစ်သည့်အတွက် အကြောင်းမရှိဘဲပြန်ခေါ်လိုက်လျင် တော်ကြာအပြစ်ဆိုနေလိမ့်တော့မည်။
အိမ်ရှေ့စံတစ်ပါးက ကိုယ်ရံတော်တစ်ယောက်၏ အပြစ်တင်ဝေဖန်ခြင်းကိုတော့ မခံယူလိုပေ။

" မဖြစ်သေးပါဘူး...."

သူလည်းတိုင်းပြည်ရေးရာကိစ္စတွေမှာ ခမည်းတော်နှင့်အတူ တိုင်ပင်ဆွေးနွေးရန် ခမည်းတော်၏နန်းဆောင်သို့ ကြွချီလာခဲ့တော့သည်။
ခမည်းတော်ဆီသို့ သူရောက်နေကြောင်းဝင်ခွင့်တောင်းခဲ့ပြီး ခမည်းတော်ဝင်ခွင့်ပြုသည်နှင့် နန်းဆောင်အတွင်းသို့ သူဝင်သွားခဲ့လိုက်တော့သည်။

 There are no laws 🏹{ ပညတ်တွေမရှိသော }Complete✅Tempat cerita menjadi hidup. Temukan sekarang