Chapter 2

45 6 1
                                    

တညလုံးအန်တီ့ပုံရိပ်လေးတေကကျွန်မမျက်လံုးထဲကမထွက်နိုင်ဘူး သိလားအန်တီ။ဒီနေ့မှစတွေ့တာဆိုပေမယ့်အန်တီကကျွန်မနှလုံးသားထဲမှာနေရာအပြည့်ယူနေပြီ။ အန်တီ့အကြောင်းတေသိချင်တယ်။ အန်တီ့ကိုပဲထိုင်ကြည့်ချင်နေတာတော့ပါပဲ ဒေါ်နွေအတာရယ်.....

နွေရာသီဆိုတော့မန္တလေးရဲ့နေပူရှိန်ကြောင့်ကျွန်မအရင်နေ့တေကလိုနေဖင်ထိုးတဲ့ထိမအိပ်နိုင်ဘူးလေ။ နောက်တခုကအန်တီ့ကိုတွေ့ချင်တာလည်းပါတယ် ဟီးဟီး
အန်တီ့အကြောင်းကိုတွေးရင်းနဲ့မနက်ခင်းတခင်းလုံးလုပ်စရာရှိတာလုပ်ပြီးအချိန်ကုန်မယ်ထင်တယ်။မျက်နှာသစ်လည်းအန်တီ့ကိုပဲမြင်ယောင်တယ်၊မနက်စာ စာလည်းအန်တီ့ကိုပဲမြင်ယောင်နေမိတယ်။အန်တီ့ကိုကျွန်မနာမည်ပြောင်းပေးချင်တယ် ဒေါ်စိုးမိုးနိုင်ဆိုပြီးလေ။ ကျွန်မကိုအရမ်းစိုးမိုးတာပဲအန်တီရယ်

"ဟဲ့သမီး ဘာတေထိုင်တွေးပြီးပြုံးနေတာလဲ"

"မပြုံးပါဘူးမေမေရဲ့"

"ကိုရေ ကို့သမီးကတော့ရည်းစားရနေပြီလားမသိပါဘူး" ‌သတင်းစာဖတ်နေတဲ့ဖေဖေ့ကိုမေမေကလှမ်းစလိုက်သည်။

"ဟုတ်မှာပေါ့ကွာ ကိုတို့သမီးလေးကဆယ်တန်းတောင်ဖြေပြီးပြီဆိုတော့"

"ဟာ ဖေဖေနဲ့မေမေနော် မရသေးပါဘူး ဒီတိုင်းပြုံးမိသွားတာကို နှစ်ယောက်ပေါင်းပြီးဘာ‌ေတ‌ေပြာ‌ေနမှန်းမသိဘူး"

"စတာပါ သမီးလေးရယ် မဟုတ်ရင်လည်းပြီးတာပါပဲ"

ဖေဖေနဲ့မေမေကကျွန်မကိုတနေ့မှာအနည်းဆုံးတခါတော့စတတ်ကြသည်။ အရမ်းကိုပျော်ဖို့ကောင်းတယ်။

"ဒါနဲ့သမီးဘယ်ချိန်သွားရမှာလဲ"

"၁၀နာရီမေမေ"

"အဲ့တာဆိုရေချိုးတော့လေ"

"ဟုတ်ကဲ့မေမေ"

ကျွန်မလည်းရေမြန်မြန်ချိုးပြီး အဖွဲ့ဆီသွားဖို့ပြင်ဆင်လိုက်သည်။ အန်တီ့ကိုအရမ်းတွေ့ချင်နေပြီ။

"မေမေရေ သမီးသွားပြီနော်"

"စောလှချည်လားသမီး"

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

OnceWhere stories live. Discover now