အခန်း-1

142 6 2
                                    


🎶🎵မြုးကြွတဲ့ တေးသံ.....ပြန့်လွှင့်လို့နေ.....ကူးပြောင်းစ..တန်ခူးလေမှာ

တစ်ယောက်တစ်လှည့်မို့...လှမ်းကာ...ဖြန်းပက်ကြစဉ်.

ပိတောက်ဖူးလေးတွေ ..ပန်ဆင်ထားသူရေ..

ခေါင်းကလေးမော့လို့..ပိတောက်ဖူးလေးတွေ...ပန်ဆင်ထားသူရေ

ပျော်ပျော်ရွှင်ရွှင်..တီးမူတ်ကြတဲ့ပွဲမှာ

ငိုနေရှာတယ်...ပန်းပိတောက်ဖူးတွေထဲ

ရာသီအချိန်မှီ...လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို

ပန်ဆင်ပါရင် လှပတဲ့တင့်မှာမို့

မိုးပြေးနဲ့ အရောက်လာ..ပန်းပွင့်ဖို့ရာ

မြူးကြွတဲ့ သကြန်အခါ

လန်းဆန်းတဲ့မိုးရယ်..မိုး‌‌ေပြးလေးရေ..

ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်အုံး

မိုးပြေးလေးရေ..သကြန်မိုးပြေးရေ..စိုရုံဖြန်းပက်အုံး~🎵🎶

နွေဦးအစမှာ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ သကြန်ပွဲတော် ဟူသော နေကောင်းနေမြတ်သို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် အိမ်တိုင်း အိမ်တိုင်းသကြန်သီချင်းလေးတွေ ဖွင့်ပြီး မြူးကြွမြူးကြွဖြစ်နေလေသည်။ထို့အတူ အေးချမ်းသာရပ်ကွက်တွင်လဲ အိမ်တိုင်းလိုလို နေ့လယ်ချိန်ခါကြ သကြန်သီချင်းများဖွင့်လျက် ပွဲတော်ကိုစောင့်မျှော်နေကြသည်။တချို့လူငယ်‌ေတွဆို လူစုလူဝေးဖွဲ့ကာ ဒီနှစ်သကြန် ဘယ်လို ကဲကြမည်၊ဘယ်လို ဂုန်းဆင်းကြမည် ဆိုတာကြိုတင်စီစဉ်ထားကြလျက်ပင်၊
....
ဘေးတဖက်အိမ်မှကျယ်လောင်စွာဖွင့်ထားသောသကြန်သီချင်းသံကြောင့် အိပ်မရ၍ ဒေါသမီးထွက်နေတဲ့ကောင်လေး ရှိသေးသည်။ထို‌ေကာင်‌‌ေလးကတော့ နေ့လယ်ချိန်ခါကြီးမှ နေ့လယ်စာထမင်းမြိုအပြီး အိပ်နေ‌သည်ပင် သီချင်းသံကြောင့် အိပ်လို့မရချေ။ ဒေါသထွက်ထွက်နဲ့ဖက်ထားသော ဖက်လုံးအား ပစ်လွှတ်လိုက်ပြီးမီးဖိုချောင်ထဲက အမေကို လှမ်းခေါ်လိုက်လေသည်။
'အမေ့ "
လှမ်းခေါ်တဲ့ခေါ်သံကြောင့် မီးဖိုချောင်ထဲကအမေ ခေါင်းလေး ထွက်ကာ ' ဘာလဲ " ဆိုပြီး ထူးလေသည်။
' သကြန်ကရောက်တော့မှာလား ဘေးအိမ်က သကြန်သီချင်းအကျယ်ကြီးဖွင့်နေလို့လေ နားညီးလိုက်တာ အားနာတဲ့စိတ်ကောရှိရဲ့လားမသိဘူး
ကိုယ်ကြားသလောက်ဘဲဖွင့်ရင်တော်ရောပေါ့" ခက်စိတ်တိုတို ပြောသံကြောင့် အမေမှ မျက်မှောင်ကျုံ့၍
' ညီးးး ကိုးရီးယားသီချင်းဖွင့်တုန်းကြတော့ရော ဒီထက်ကျယ်သေးတာဘဲလေ အခုမှ ဘာတွေလာပြော"
အမေပြောသောစကားမှာ အ‌ပြစ်ပြောစရာမရှိအောင် မှန်တာမို့ ထိုကောင်လေး မှာပြောစရာမဲ့သွားရသည်။ ထိုကောင်လေးနာမည်က ဘုန်းမြတ်သာ" ဖြစ်ပြီး 18နှစ် ဆယ်ကျော်သက်လေး ဖြစ်သည်။
ပြောစရာမရှိဖြစ်သွားသော ဘုန်းမြတ်တစ်ယောက် အိပ်ယာမှ ထလိုက်ပြီး ဘာမှလုပ်စရာမရှိသည်မို့ ဘေးအိမ်က သူငယ်ချင်း အာကာ အိမ်ဆီသို့ ခြေလှမ်းစပြင်လိုက်သည်။

' ဟေး အာကာ ' အားလား ငါဝင်လာမယ်နော်"

ခပ်သွက်သွက်ပင် အိမ်နောက်ဘေးသို့ သွားကာ အာကာထိုင်နေသော ထိုင်ခုံဘေးမှာ ထိုင်ချလိုက်သည်။အာကာ ကတော့ ဝတ္ထုရူးလေ ဝတ္ထုအမြဲဖတ်နေတာ အခုလဲ ဘုန်းမြတ်ခေါ်တာတောင် သူက ဝတ္ထုဖတ်မပြတ်ပေ... ဘေးမှာလာထိုင်မှသာ စာအုပ်အား စာမျက်နှာမှတ်လိုက်၍ ‌စားပွဲပေါ်ကို ချထားလိုက်သည်။

' ကဲ ဘုန်းမြတ် ..ဘာကိစ္စ"

' ငါတို့အိမ်ဘေးက ခင်လေးပျိူ အိမ်လေ သကြန်သီချင်းတွေ ဖွင့်တာကိုမှ နားကန်းတော့မဲ့ အထိဘဲအာ့ အိပ်လို့မရတာနဲ့ နင်တို့အိမ်ပြေးလာတာ ဘာမှလဲလုပ်စရာမရှိ ... "

' ဒီလောက် ပူလောင်နေတာကို အိပ်နိုင်သေးတယ်နော်"

' နေ့လယ်စာစားပြီး အိပ်ယာထဲ ခဏမှိန်းနေတာ "

' အေးပါအေးပါ ဒါနဲ့ သကြန်တောင်ရောက်တော့မှာဟ
မင်းရော ဘုန်းမြတ်! သကြန်ခါကြ ဘယ်သွားစရာရှိလဲ

' ငါလား ဘာမှတော့ ထွေထွေထူးထူးမတွေးရသေးဘူး


' ဒါဆို ငါတို့နဲ့ သကြန်ပျော်လိုက်ခဲ့မလား'

' ငါတို့ဘဲလား ငါကြောက်တယ်နော် အကြီးတစ်ယောက်ယောက်ပါမှလိုက်မယ်'

‌' စိတ်ချ စမ်းပါ ငါ့အစ်ကို မနက်ဖြန် မန္တလေးကနေပြန်လာမှာ သူက ဒီမှာသကြန်ပျော်ချင်တာတဲ့လေ ဒါကြောင့် သူ့အုပ်ထိန်းသူလုပ်ပြီး ငါတို့ သကြန်ပျော်ကြတာပေါ့"

' အေး မဆိုးဘူး‌ ကောင်းတာပေါ့ ငါလိုက်မယ် ပြီးတော့ စတုဒိတာမှာဝင် ဂုန်းဆင်းကြတာပေါ့"

' အေး ဟို ဒေါကလျာတို့ဘက်က ရွှေရင်အေးတဲ့ ~ ဒေါ်ဘေဘီ တို့ဘက်က ကြာဇံကြော်တဲ့ ငါစုံစမ်းထားတာ"

သူငယ်ချင်းနှစ်ယောက်သား သကြန်အခါကြ အတူတူပျော်ဖို့ စိတ်အားထက်သန်စွာ ငြိနိူင်းနေသည်မှာ ညနေ‌စောင်းတဲ့ထိပင်...

Yuxi

ပိတောက်ပန်းလေး ပန်ဆင်ထားသူရယ် (Complete)Where stories live. Discover now