ထယ်ယောင်းရဲ့ဟန်ဆောင်ကြင်နာမှုလေးတွေကြောင့်
မြန်မြန်နေကောင်းလာတဲ့ဂျောင်ကုက
ရိုက်လက်စဇာတ်ကားကိုဆက်ရိုက်ကာ
ဇာတ်ကားပြီးဆုံးသွားတာနဲ့ စတင်ထုတ်လွင့်လိုက်တော့
အောင်မြင်မှုကဒိတ်ဒိတ်ကျဲ~"ဒါက မင်းသားအတွက် အနုပညာကြေးပါ~"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်~"
သူ့ရဲ့အနုပညာကြေးရတဲ့အခါမှာဂျောင်ကုက
ထယ်ယောင်းကို ပထမဆုံးသတိရမိဘေမဲ့
ဒါက ထယ်ယောင်းသူ့ကိုပေးခဲ့တာနဲ့ယှဥ်ရင်
ဘာမှမဟုတ်တာမို့ သူ့ကြီးပြင်းခဲ့တဲ့ဂေဟာကိုသာသွားလိုက်လေရဲ့~"ကျွန်တော်ရတဲ့အနုပညာကြေးလေးကိုအလှူလုပ်တာပါ~"
"သားသုံးဖို့လဲယူထားဦးလေ~"
"ရပြီ သားမှာရှိသေးတယ်~"
"ဟုတ်ပါပြီ အဲ့တာဆိုဆက်ပြီးကြိုးစားနော်သား~"
"ဟုတ်ကဲ့ပါ~ဟိုလေ ချန်ချန်ကိုလဲမတွေ့ပါလား
ဘယ်သွားနေတာလဲ~""ချန်ချန်ကမွေးစားမိဘတွေ့သွားပြီ~"
"ဟုတ်လား သူ့အတွက်ကောင်းသွားတာပေါ့~"
"ဟုတ်တာပေါ့ ဒါဘေမဲ့မွေးစားခံရတဲ့ကလေးထက်
စွန့်ပစ်ခံရတဲ့ကလေးကပိုများနေတယ်~""အပြင်လောကမှာငွေရှာရခက်ခဲတယ် အဲ့တာကြောင့်စွန့်ပစ်ကြတာထင်တယ်~"
ဂျောင်ကုကမိဘမဲ့ဂေဟာမှာအလှူလုပ်
ဂေဟာမှူးနဲ့စကားပြောပြီး ကလေးတွေနဲ့ကစားကာ
အိမ်ပြန်သွားတော့ ကုမ္ပဏီကပို့လိုက်တဲ့သူ့အတွက်လက်ဆောင်တွေကမနည်းမနှော~"လက်ဆောင်ပစ္စည်းတွေကအရမ်းများတာဘဲ~"
"fanတွေဆီကတွေလေ ကုမ္ပဏီမှာရောက်ထားလို့
အိမ်ကိုပို့ခဲ့တာ ဖွင့်ကြည့်လိုက်~""ဟုတ်ကဲ့~"
"အိမ်ရဲ့တည်နေရာကိုfanတွေမသိအောင်
လျှို့ဝှက်ထားရမယ်ရှေ့လျှောက်အပြင်ထွက်ရင်လဲ
သတိထားရတော့မယ်နော် အခုကစနာမည်ရလာပြီမို့
လိုတဲ့သူရှိသလို မလိုတဲ့လူလဲရှိလာတော့မှာ~""ဟုတ်ကဲ့ပါ ကျွန်တော်ကရုစိုက်ပါ့မယ်~"
"အွန်း~ဟုတ်ပြီ~"
YOU ARE READING
~~Mask~~{Complete}