ပန်းခြွေမိစ္ဆာနှင့်သတ္တမမြောက်အပျိုစင် အပိုင်း ၁

Start from the beginning
                                    

          ဦးမိုးမှောင်က ကြောက်လွန်းသဖြင့်တ
ဆက်ဆက်တုန်နေသော မိန်းမပျို၏ညာလက်
လက်ကောက်ဝတ်ကိုဆုတ်ကိုင်လိုက်ရင်း.....

          "ဒီကြွက်တွေအစာမစားရတာ ၃ရက်
တောင်ရှိနေပြီ တော်တော့်ကိုဆာနေပြီ...."

          "မလုပ်ပါနဲ့....အဟင့်...ဟင့်...ကျွန်မကို
ဘာလို့နှိပ်စက်ချင်တာလဲ ...ဘာအကြောင်း
ကြောင့်လဲ..."

         ဦးမိုးမှောင်က သူမ၏စကားကိုအနည်း
ငယ်မျှပင်အရေးမလုပ်ဘဲ မှန်ပုံးအပေါ်တွင်
ပြုလုပ်ထားသော၄လက်မပတ်လည်သာကျယ်
ဝန်းသော အံဖုံးကလေးကိုဖွင့်လိုက်၏။အ
ပေါက်ပတ်လည်ကို သရေပါးဖြင့် ၂လက်မစီ
ပြန်ဖုံးထားပေရာ အပြင်မှပစ္စည်းကို မှန်ပုံးအ
တွင်းထည့်ရန်လွယ်သော်လည်း မြေကြွက်
ကြီးများကတော့ အပြင်ထွက်ရန်ခဲယဉ်းမည်
ဖြစ်၏။

        ထို့နောက် မိန်းမပျို၏လက်ကောက်ဝတ်
ကို အတင်းချုပ်ကိုင်ကာ မှန်ပုံးအပေါ်အပေါက်
မှ မှန်ပုံးအတွင်းသို့အတင်းထိုးထည့်တော့၏။
သူမ ထိန့်လန့်တကြားအားကုန်ရုန်းကန်ရှာ၏။
သန်မာသော ယောက်ျားတစ်ယောက်၏လက်
နှစ်ဖက်ဖြင့်ချုပ်ကိုင်အားကို သူမ မလွန်ဆန်နိုင်
ပါ။

     မိန်းမပျို၏လက်ပုံးအတွင်းသို့ရောက်သည်
နှင့် ကြက်သားပေါင်းအနှစ်များပေနေသော
လက်အား ဆာလောင်ငတ်မွတ်နေသောမြေ
ကြွက်ကြီးများက အလုအယက်ကိုက်ဖဲ့ကြ
တော့သည်။

         ကျွီ...ကျွီ........ကျွိ.........

          "အ..အား!!.........အာ....အား...........
ကယ်ကြပါဦးရှင်.....အား..........."

       ငရဲပွတ်မျှဆူညံစွာ သူမအကူအညီတောင်း
နေပါသ်ာလည်း အသံလုံသောမြေတိုက်ခန်းဖြစ်
၍ သူမ၏အသံမှာ လူမသိသူမသိပျောက်ဆုံး
သွားပြန်၏။

         မိန်းမပျိုက နာကျင်စွာအော်ဟစ်နေသော်
လည်း ဦးမိုးမှောင်နှင့် ကျန်သုံးယောက်စလုံး
သူမကို ကြည့်နေကြသည်မှာအပြုံးပင်မပျက်
ကြပါ။ သူမနာကျင်ကြောက်ရွံ့နေသည်ကိုပင်
ဝမ်းသာကျေနပ်နေကြသယောင်ရှိ၏။

       သူမစိတ်နှင့်ကိုယ် မကပ်တော့အကြောက်
လွန်ကာ အသံသိပ်မထွက်နိုင်တော့ပါ။ စက္ကန့်
အတန်ကြာမှ ဦးမိုးမှောင်ကသူမ၏လက်ကို
မှန်ပုံးအတွင်းနှစ်ထားရာမှ ပြန်ဆွဲထုတ်ပေး
လိုက်၏။ လက်ဖဝါးနှစ်ဖက်စလုံး ရစရာမရှိ
အောင် အသားများအကွင်းလိုက်ပြတ်ထွက်နေ
တော့သည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now