💜16💜

1.8K 250 262
                                    

ထယ်ယောင်းတစ်ယောက် ဂျောင်ကုကိုပြည်တွင်းအနှံ့လိုက်ရှာဘေမဲ့လုံးဝမတွေ့လို့ ပြည်ပခရီးစဥ်တွေထဲ
လိုက်စုံစမ်းတော့လဲ ဂျောင်ကုရဲ့ပြည်ပထွက်ခရီးစဥ်ကမရှိထား~

"ဘယ်တွေသွားနေတာလဲကလေးရယ် ကိုကိုအရမ်းလွမ်းတာဘဲ~"

".............."

"ကိုကိုနောင်တရပါပြီကလေးရယ် ကိုကို့ဆီပြန်လာပါ~"

အခုဆို အိမ်လာတာနဲ့ သူ့ကိုအပြုံးတွေနဲ့ပြေးဖက်မယ့်
အကောင်ပေါက်လေးမရှိတော့သလို
သူ့ရင်ခွင်ထဲနေပြီး အလိုလိုက်ပေးဖို့နှုတ်ခမ်းတထော်ထော်နဲ့တောင်းဆိုတတ်တဲ့သူလဲမရှိတော့ထယ်ယောင်းရင်ကွဲရပြီ~

"တကယ်မသိတာပါceoရယ်~"

"ပြောပြပါဦးလေးရယ် ဦးလေးသိတာသေချာပါတယ်~"

လိုအပ်လာတဲ့အခါမှ ဂျောင်ကုရဲ့မန်နေဂျာဦးလေးကြီးကို
ရိုရိုသေသေဆက်ဆံတဲ့ထယ်ယောင်းက
ဂျောင်ကုဘယ်မှာရှိလဲအတင်းမေးနေတော့တာ~

"မသိဘူး ဦးလေးနဲ့တွေ့တာတောင်အဲ့နေ့ကနောက်ဆုံးဘဲ~"

"အဲ့တာဆိုဦးလေးနဲ့တွေ့ပြီး ဘယ်ကိုသွားလိုက်တာလဲ~"

"အဲ့တာလဲမသိဘူးtaxiငှားပြီးပြန်သွားတာဘဲ~"

*လွတ်လပ်သွားတဲ့ကလေးကိုပြန်ပြီးမချုပ်နှောင်ချင်နဲ့ပါတော့ထယ်ယောင်းရယ်~*

မန်နေဂျာဦးလေးကြီးကဘာတစ်ခုမှမပြောပြတော့
ထယ်ယောင်းလဲဂျောင်ကုသွားနေကျဂေဟာကိုသွားမေးတော့လဲဘာမှမသိရလို့ နောက်ဆုံးအပေါက်ဆိုးတဲ့အဒေါ်ကြီးဆီသွားရပြီ~

"ဘာလာလုပ်တာလဲ~"

"ဂျောင်ကုဘယ်မှာလဲခဗျားသိတယ်မဟုတ်လား~"

"သိလဲမသိဘူး သိရင်လဲမပြောပြဘူး
ငါ့အိမ်ကနေအခုချက်ချင်းထွက်သွား~"

"ဟူးး ခဗျာသိတာသေချာတယ် ပြောပြပါ
တောင်းပန်ပါတယ်~"

"မသိဘူးလို့ပြောပြီးပြီလေ ဂျောင်ကုဆိုတာ
မင်းနဲ့အမြဲအတူနေနေတာဘဲ ငါကဘယ်လိုသိမှာလဲ~"

ဘယ်သူ့ကိုမေးမေးမသိ ဘယ်မှာရှာရှာမတွေ့တဲ့ထယ်ယောင်းက ဂျောင်ကုကိုဘယ်လိုရှာလို့ရှာရမှန်းတောင်မသိတော့~

~~Mask~~{Complete}Where stories live. Discover now